အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ  ဖေဖော်ဝါရီလ(၂၀)ရက်က နှင်းမုန်တိုင်းဝင်ရောက်ခဲ့လို့ နှင်းထု(၁၀)စင်တီမီတာဖြစ်ခဲ့ပြီး ညနေပိုင်းမှာ ခရီးသွားလာမှုတွေပြတ်တောက်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာနှင်းတွေစကျခဲ့ပြီး တချို့နေရာတွေမှာ နှင်းထု(၁၀) စင်တီမီတာကျော်ခဲ့ပြီး အပူချိန်အနုတ်(၂)ဒီဂရီဆဲလ်စီးယပ်စ်ထိရှိခဲ့ပါတယ်။ ရာသီဥတုဆိုးလို့ လမ်းချော်တာတွေကြောင့် ဒေသခံ တွေအဆင်မပြေခဲ့ကြပါဘူး။ လမ်းတွေမှာ နှင်းတွေပျော်နေပြီး နှင်းကျတာပိုဆိုးနေလို့ အပြင်ထွက်ရင် သတိထားဖို့ ဒေသခံတစ်ဦး ကပြောပါတယ်။ ရာသီဥတုဆိုးလို့ ဂျွန်အက်ဖ်ကနေဒီနိုင်ငံတကာလေဆိပ်ကိုဆင်းမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ (၂) နာရီခွဲနီးပါး နောက်ကျခဲ့ပါတယ်။ 

 

 

Related News