တရုတ်နိုင်ငံအရှေ့မြောက် ပိုင်းရဲ့နွေဦးရာသီမှာနှင်းတွေကျနေလို့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး အဆိုးဆုံးနေရာတွေမှာ နှင်းထုပမာဏ(၂၀)စင်တီမီတာ အထိရှိခဲ့ပါတယ်။တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းဟိုင်လောင်ဂျန်းပြည်နယ်မှာ နှင်းတွေထူထပ်စွာကျနေတာကြောင့် အဝေးပြေးလမ်းမတချို့ကို ယာ ယီပိတ်ထားရပြီး လမ်းပေါ်ကယာဉ်အသွားအလာကိုလည်း အဟန့်အတားဖြစ်စေခဲ့ပါတယ်။ မတ်လ(၁၁)ရက်မနက်ပိုင်းကတည်း က တောင်တန်းတွေပေါတဲ့ ၀ူဒါလျန်ချီဒေသမှာ နှင်းထုပမာဏ(၁၄.၁)မီလီမီတာရှိခဲ့ပြီး နှင်းမုန်တိုင်းနဲ့တူတဲ့အခြေအနေတွေ ဖြစ် ပေါ်ခဲ့သလို အဆိုးဆုံးနေရာတွေမှာတော့ နှင်းထု(၂၀)စင်တီမီတာအထိရှိခဲ့တာပါ။

လမ်းပေါ်ကနှင်းတွေရှင်းဖို့နဲ့ ယာဉ်အသွားအ လာတွေလျင်လျင်မြန်မြန်ရှင်းစေဖို့ ဒေသအာဏာပိုင်တွေက အလုပ်သမားတွေဖွဲ့စည်းခဲ့ပါတယ်။ ယာဉ်ကြောပိတ်ဆို့ခဲ့ပေမဲ့ နှင်း ကျမှုကလေထုအရည်အသွေးကောင်းစေပြီး မြေဆီလွှာတွေအတွက်အကျိုးရှိတဲ့စိုစွတ်မှုဖြစ်စေလို့ လယ်တောတွေအတွက်လည်း ကောင်းစေတယ်လို့ ဒေသမိုးလေ၀သအာဏာပိုင်တွေကပြောပါတယ်။ ဒါပေမဲ့ နှင်းကျမှုကြောင့် ရှူဟွာမြို့မှာရှိတဲ့အဝေးပြေး လမ်း(၁၂)ခုကစစ်ဆေးရေးဂိတ်တွေပိတ်ခဲ့ရပြီး အဝေးပြေးဘတ်စ်ကားပြေးဆွဲမှုကိုလည်းရပ်ဆိုင်းခဲ့ရပါတယ်။ နှင်းထုပမာဏ(၆)မီ လီမီတာအထိရောက်လာလို့ ဒေသမိုးလေ၀သဌာနက နှင်းမုန်တိုင်းအဖြစ်သတ်မှတ်ပြီး အ၀ါရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

 

 

 

 

Related News