ဂရိနိုင်ငံမှာ မတ်လ(၁၂)ရက်က အအေးဓာတ်ကျရောက်တာနဲ့အတူလေပြင်းတိုက်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေဖြစ် ပေါ်ပြီး (၁၀)ဒီဂရီဆဲလ်စီးယက်စ်ထိကျဆင်းခဲ့ပါတယ်။ လေပြင်းတိုက်တာနဲ့အပူချိန်ရုတ်တရက်ကျဆင်းတာကြောင့် ဂရိနိုင်ငံက နေရာအတော်များများမှာ ယာဉ်အသွားအလာပြတ်တောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သလို ကျောင်းတွေပိတ်ခဲ့ရပါ တယ်။ ဂရိနိုင်ငံအလယ်ပိုင်းက ဆက်သွယ်ရေးအချက်အချာမြို့ဖြစ်တဲ့ လေမီယာမြို့မှာ အပူချိန်(၀)ဒီဂရီအောက် ကျဆင်းခဲ့ပြီး မြို့တော်အေသင်နဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ သက်စာလိုကိုနီမြို့ကိုဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ရေခဲ နေလို့ လမ်းပိတ်ခဲ့ရပါတယ်။

အပူချိန်ရုတ်တရက်ကျဆင်းတာကြောင့် လူအများစုတုပ်ကွေးရောဂါဖြစ်နေပြီး ဒေသခံအများစုက ဗိုင်းရပ်စ်လျင်လျင်မြန်မြန်ပျံ့နှံ့လာမှာကိုစိုးရိမ်နေကြပါတယ်။ ဈေးဝယ်သူအများစုကလူကြီးတွေဖြစ်တဲ့အတွက် ရောဂါကူးစက်ဖို့ လွယ်လို့ အအေးမိတာကိုကာကွယ်ဖို့ လက်အိတ်တွေဝတ်နေရတယ်လို့ သစ်သီးဆိုင်ပိုင်ရှင်ဘဲဘစ်ကပြောပါတယ်။ ဆောင်းရာသီ တုပ်ကွေးကပ်ရောဂါဖြစ်တဲ့အချိန်မှာ အသက်ကြီးသူတွေကပြင်းထန်တဲ့ ဖျားနာမှုတွေဖြစ်ပေါ်ခဲ့ပြီး ဖျားနာခဲ့တဲ့လူ(၃၃၇)ဦးမှာ (၁၁၁)ဦးသေဆုံးခဲ့တယ်လို့ ဂရိကျန်းမာရေးအရာရှိတွေကပြောပါတယ်။

 

 

Related News