တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ဂန်စုပြည်နယ်ကနေရာအတော်များများမှာ မေလ(၂၆)ရက်က လေပြင်းတိုက်ခတ်မှုနဲ့အတူ သဲမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီး  အမြင်ေ၀၀ါးမှုတွေဖြစ်ပေါ်ခဲ့သလို ယာဉ်ကြောအသွားအလာတွေပြတ်တောက်ခဲ့ပါတယ်။ ဒန်ဟန်းမြို့မှာ ဒေသစံတော်ချိန်မနက်အစောပိုင်းကတည်းက လေပြင်းတိုက်ခိုက်မှုတွေစတင်ဖြစ်ပေါ်ခဲ့ပြီး လမ်းတစ်လျှောက်ကသစ်ပင်တွေလဲကျခဲ့ပါတယ်။ စုဂျိုမြို့မှာ မုန်တိုင်းကြောင့်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိပြန်မရသေးဘူးလို့ သိရပါတယ်။ ချင်ယန်နဲ့ ဘိုင်ယန်မြို့တို့မှာ အပူချိန်ကျဆင်းမှုအတွက် အပြာရောင်သတိပေးချက်ကို တရုတ်မိုးလေ၀သဌာနက သတိပေးထားပါတယ်။ တရုတ်မှာဖြစ်နေတဲ့ရာသီဥတုဟာ ပြီးခဲ့တဲ့နှစ်တွေကထက်စာရင်ကွာခြားလာပါတယ်။ မေလကုန်ဖြစ်ပြီး ရက်ပေါင်းများစွာရှပ်အင်္ကျီလက်တိုကို ၀တ်ခဲ့ရပေမဲ့ မေလ(၂၆)ရက်မှာအပူချိန်ကျဆင်းခဲ့လို့ လက်ရှည်အင်္ကျီထပ်ဝတ်ခဲ့ရတယ်လို့  ချင်ယန်မြို့ဒေသခံ ၀န်ဂျန်ချန်က ပြောပါတယ်။

 

 

Related News