တရုတ်နိုင်ငံတစ်ဝန်းကဒေသတွေမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တို့မှာဆက်တိုက်မိုးကြီးခဲ့ပြီး ယန်ရှီပြည်နယ်ကလူ(၆)ဦးသေဆုံးခဲ့ပါ တယ်။ ယန်ရှီပြည်နယ်က တချို့ဒေသတွေမှာမိုးရေချိန်(၂၀၀)မီလီမီတာအထိရှိခဲ့ပြီး မြို့(၉)မြို့ရဲ့ကောင်တီ(၄၅)ခုကလူ(၉)သိန်း ကျော်ထိခိုက်ခဲ့ပါတယ်။ မြို့တချို့က လမ်းမတွေရေလွှမ်းခံနေရပြီး ကောင်တီတချို့မှာတော့မြေပြိုမှုတွေဖြစ်နေတာပါ။ ရေကြီးမှု ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့တဲ့ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပို့ပေးထားပါတယ်။ မိုးကြီးခဲ့လို့ မြို့နယ်(၇)ခုထိခိုက် နေတယ်ဆိုတဲ့အစီရင်ခံမှုကိုရခဲ့ပြီးနောက် ကွေကျိုးပြည်နယ်အနောက်တောင်ပိုင်း ချန်းရွှမ်ကောင်တီဒေသအစိုးရက အရေးပေါ် တုံ့ပြန်ရေးအဖွဲ့(၈၂)ဖွဲ့ကိုပို့ပေးခဲ့ပါတယ်။ ကွမ်ရှီကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ အခုနှစ်မိုးရာသီစတင်ချိန်ကတည်းက အ များဆုံးမိုးရွာသွန်းမှုနဲ့ကြုံတွေ့ခဲ့ရပြီး မြို့(၅)မြို့ကဒေသခံ(၃)သောင်းကျော်နဲ့ လယ်ယာမြေဟတ်တာ(၃)ထောင်ကျော်ထိခိုက်ခဲ့ပါ တယ်။ လာမယ့်(၃)ရက်အတွင်း တရုတ်နိုင်ငံအရှေ့တောင်ပိုင်းကနေ အနောက်တောင်ပိုင်းကို မိုးရွာသွန်းမှုပြောင်းသွားလိမ့်မယ် ဆိုပြီး တရုတ်အမျိုးသားမိုးလေ၀သစင်တာကခန့်မှန်းထားပါတယ်။

 

 

Related News