အခုတစ်ပတ်မှာ ဥရောပတခွင်လုံးအပူချိန်မြင့်တက်နေလို့ အပူချိန်မြင့်မားမှုအတွက်ဒုတိယအမြင့်ဆုံးအဆင့်သတိပေးချက်ဖြစ်တဲ့ လိမ္မော်ရောင်သတိပေးချက်ကို ပြင်သစ်မိုးလေ၀သဌာနကတနင်္လာနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အခုတစ်ပတ်ကုန်ပိုင်းလောက်မှာ ပြင်သစ်ရဲ့အစိတ်အပိုင်းအတော်တော်များများမှာ အပူချိန်(၄၀)ဒီဂရီဆဲလ်စီးရပ်စ်ကိုကျော်လွန်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ အပူချိန်တွေမြင့်တက်နေတာကြောင့် ဆင်းန်မြစ်ပေါ်ကကျော်ကြားတဲ့ရှုခင်းနေရာတွေမှာ နိုင်ငံခြားသားတွေစုဝေးခဲ့သလို ဒေသခံတွေကလည်း အပူဒဏ်သက်သာအောင်အပြင်ကိုထွက်လာခဲ့ကြပါတယ်။ အပူချိန်တွေမြင့်တက်နေချိန်မှာ ဖောင်တိန်း စိန့်-မိုက်ကယ်ရေပန်းကခြောက်သွေ့နေတာကြောင့် ဒေသခံတော်တော်များများကို တူလာရီစ်ဥယျဉ်ကဆွဲဆောင်နိုင်ခဲ့ပါတယ်။ လု့ဗ်ပြတိုက်ရင်ပြင်မှာတော့ ရေကန်တွေထဲကိုဒေသခံတချို့က သူတို့ရဲ့ခြေထောက်တွေနဲ့ ခြေဖ၀ါးတွေကိုနှစ်ထားကြတာပါ။ ပြီးခဲ့တဲ့(၂၀၀၃)ခုနှစ်၊ သြဂုတ်လတုန်းက ပြင်သစ်နိုင်ငံမှာအပူချိန်မြင့်တက်မှုကြောင့် လူ(၁၅၀၀၀)လောက်သေဆုံးခဲ့ပါတယ်။

 

 

Related News