မြန်မာ့ပဲစင်းငုံကို ယခုနှစ်မှာ ပြည်ပ၀ယ်ယူမှုနည်းပါးနေတဲ့အတွက် ငါးနှစ်အတွင်းဈေးနှုန်း ထက်ဝက် ကျဆင်းခဲ့တယ်လို့သိရပါတယ်။ အရင်နှစ်တွေက ပဲစင်းငုံဈေး သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် တစ်သိန်းခွဲအထိ ဈေးရရှိခဲ့ပေမယ့် ဒီနှစ်ပဲစင်းငုံဈေးအနည်းဆုံး ငွေကျပ် ခြောက်သောင်းကျော်သာ ဈေးစတင်ရရှိခဲ့လို့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းစံချိန်တင်ဈေးနှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။ 

အခုမတ်လ ဒုတိယအပတ်အတွင်းမှာတော့ ပဲစင်ငုံပြည်ပ၀ယ်ယူမှုလိုက်လာပေမယ့် ပဲစင်းငုံဈေး ငွေကျပ် ခုနှစ်သောင်းတစ်ထောင်ကနေ ငွေကျပ်ခုနှစ်သောင်းခွဲအကြား ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပေမဲ့ ဈေးနှုန်းကတော့ တည်ငြိမ်မှု မရှိသေးဘူးလို့ သိရပါတယ်။  မြန်မာ့ပဲစင်းငုံဈေးကွက်ဟာ ပြည်ပ၀ယ်လက်ဖြစ်တဲ့ အိန်္ဒိယကိုသာအားကိုးတင်ပို့နေရပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် နှစ်စဉ် ဈေးကွက်တည်ငြိမ်မှုမရှိဘူးလို့ သိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ပဲအမျိုးအစား ၁၈ မျိုးကိုအဓိကစိုက်ပျိုးနေပေမယ့် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ကုလားပဲတို့ကို ပြည်ပအများဆုံးတင်ပို့ရောင်းချနေရပြီး ပဲမျိုးစုံစိုက်ဧက ၁၁ ဒသမ ၅ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

 

 

Related News