ယခုနှစ်သင်္ကြန်မှာ နေရပ်ပြန်မယ့် သူတွေအနေနဲ့ လက်ရှိမှာလက်မှတ်ကြိုတင် မှာယူမှုများရှိပြီး မနှစ်ကထက် ကားလက်မှတ်ဝယ်ယူသူတွေပိုမိုများပြားနေတယ်လို့ အောင်မင်္ဂလာအဝေးပြေး ကားလက်မှတ်အရောင်းဌာနတွေက သိရပါတယ်။ အရင်နှစ်က သင်္ကြန်ကာလနီးကပ်လာတဲ့ အခုလိုအချိန်မှာ နေရပ်ပြန်ဖို့အတွက် လက်မှတ် ကြိုတင်မှာယူတဲ့သူ နည်းပါးခဲ့ပေမယ့် ယခုနှစ်မှာတော့ သင်္ကြန်နားနီးရင် လက်မှတ် ၀ယ်မရတဲ့ အခက်အခဲတွေရှိမှာစိုးတဲ့အတွက် သင်္ကြန်ကာလနေရပ်ပြန်မယ့်သူတွေဟာ အခုချိန်ကတည်းက ကားလက်မှတ်များကိုစုံစမ်းမေးမြန်းမှုတွေရှိနေပြီး လက်မှတ်တွေကို ကြိုတင်မှာယူမှုတွေ များပြား နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလနေရပ်ပြန်မယ့်သူတွေအတွက် သင်္ကြန်မကျမီရက်အနည်းငယ် အချိန်ထိ ကားလက်မှတ်ဝယ်ယူလို့ရရှိအောင် ကြိုတင်စီစဉ်ထားပြီး သင်္ကြန်အတွက် ကားလက်မှတ်ခ ဈေးနှုန်းတွေ တိုးမြင့်မှာ မဟုတ်ဘဲ လက်ရှိပြေးဆွဲနေတဲ့ ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရင်နှစ် သင်္ကြန်မကျမီရက်အနည်းငယ်အလိုမှာ ကားလက်မှတ်ဝယ်ယူလို့မရတဲ့ အခက်ခဲတွေ ကြုံတွေ့ခဲ့ရပြီး ပုံမှန်ဈေးထက် ပိုပြီးပေးဝယ်ရတဲ့အတွက် ခရီးသွားဖို့အခက်ခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ သင်္ကြန်တွင်းနေရပ်ပြန်မယ့်သူတွေကပြောပါတယ်။ခရီးသွားလက်မှတ်အရောင်းဌာနတွေအနေနဲ့ လက်မှတ်ဝယ်ယူလို့မရတဲ့ အခက်ခဲတွေမရှိအောင် လက်ရှိမှာ သင်္ကြန်အတွက် ခရီးစဉ်အပြည့်ကားလက်မှတ်တွေရောင်းချနိုင်အောင် စီစဉ်ထားပြီး ခရီးစဉ်တွေလည်း တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News