သင်္ကြန်ကာလ နီးလာလို့ အဝေးပြေးကုန်စည်စီးဆင်းမှုဟာ  အနည်းငယ်ကောင်းလာပေမယ့် အရင်နှစ်သင်္ကြန်ကာလနားနီးအချိန် တွေလိုတော့ ရာနှုန်းပြည်မကောင်း သေးဘူးလို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အခုချိန်က မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလရောက်ဖို့ နီးလာပြီဖြစ်လို့ ပွင်းလင်းရာသီ စရောက်ထဲက နှေးကွေးနေတဲ့ အဝေးပြေးကုန်စည်စီးဆင်းမှုဟာ အနည်းငယ်ပြန်သွက်လာတယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ကုန်စည်ပို့ဆောင်ရတာတွေဟာ သင်္ကြန်ကာလနားနီးမို့ ကောင်းတယ်ဆိုရုံလောက်ဘဲ ဖြစ်နေပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင်တော့ နည်းနေသေးတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင်ရှင်တွေက ပြောပါတယ်။သင်္ကြန်ကားလအနီးမှာတော့ ဘာသာရေးပွဲတော်တွေ ၊ အလှူအတန်းတွေနဲ့ အိမ်မှာ အစားသောက် ကြိုစုတာ တွေရှိလို့ အချိုရေ ၊ ခေါက်ဆွဲ ၊ အစားအသောက်ပစ္စည်းတွ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ အများဆုံးပို့နေရတယ်လို့ သိရပါတယ်။

နှစ်စဉ်ပွင့်လင်းရာသီရောက်လာတိုင်း ကုန်စည်ပို့ဆောင်မှုများပေမယ့် ဒီနှစ်မှာတော့ ဒီဇင်ဘာနှစ်သစ်ကူးလို ပွဲတော်ရက်တွေမှာတောင် မကောင်းလာဘဲ မိုးတွင်းကာလအတိုင်းပဲ နှေးကွေးနေတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကုန်လောက်အထိပါ။ ကုန်ကားတန်ဆာခတွေကလည်း သင်္ကြန်ကလနီးဆိုပုံမှန်အနည်းငယ်တတ်ပေးမယ့် ဒီနှစ်မှာတော့ ကုန်ထွက်ရှိမှုနဲ့ ကုန်ကားလုံလောက်မှုရှိလို့ ပုံမှန်အတိုင်းဘဲရှိနေသေးတယ်လို့ သိရပါတယ်။

 

Related News