ငွေကျပ်သိန်း(၁၀၀)ကျော်ကနေ သိန်း(၃၀၀)ကျော်တန်ဖိုးရှိ တန်းဖိုးနည်းနဲ့ တန်ဖိုးသင့် အိမ်ရာစီမံကိန်း (၃)ခုပါဝင်တဲ့ အိမ်ရာအရောင်းပြပွဲကို မတ်လ(၁၇)ရက်ကနေ (၁၉)ရက်အထိ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဟုမ်းလမ်းက I Myanmar House  ရုံးမှာပြပွဲပြုလုပ် ကာရောင်းချပေးနေ ပါတယ်။ ဒီအိမ်ရာအရောင်းပြပွဲက  I Myanmar House.com က စီစဉ်ကျင်းပတာဖြစ်ပြီး တောင်ဒဂုံမြို့နယ်အတွင်း စီးပွားရေးတက်္ကသိုလ်အနီးမှာရှိတဲ့ အိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာအနီးမှာရှိတဲ့ အိမ်ရာစီမံကိန်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာအနီးမှာရှိတဲ့ အိမ်ရာစီမံကိန်း(၃)ခုကို ပါဝင်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

လက်ရှိ မြို့ပြရဲ့ အိမ်ရာလိုအပ်ချက်အရ ဒီအိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော် ရောင်းချတာဖြစ်တယ်လို့ Myanmar House.com  ရဲ့ တာဝန်ရှိသူက အခုလိုပြောပါတယ်။ဒီအိမ်ရာစီမံကိန်း(၃)ခုမှာ လက်ရှိဆောက်လုပ် ပြီးစီးလျက်ရှိတဲ့ အိမ်ရာစီမံကိန်းတွေပါဝင်သလို ဆောက်လုပ်ဆဲဖြစ်တဲ့ အိမ်ရာစီမံကိန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အိမ်ရာစီမံကိန်းတွေကို လက်ငင်းငွေချေစနစ်၊ အတိုးမဲ့တစ်နှစ်အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး လက်ငင်းငွေ ချေစနစ်နဲ့ ၀ယ်ယူမယ်ဆိုရင် (၂၅)ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေအနေနဲ့ အနည်းဆုံးငွေကျပ်(၁၀၄)သိန်းကနေ သိန်း(၃၀၀) ကျော်အထိ ဈေးရှိပြီး အကျယ်အ၀န်းအားဖြင့် (၁၅)ပေ၊ ပေ(၄၀)အကျယ်ရှိတယ်လို့ သိရပါတယ်။ တိုက်ခန်းဝယ်ယူလိုသူတွေအနေနဲ့ကတော့ စရံငွေ ငွေကျပ်(၅)သိန်းပေးသွင်းပြီး တိုက်ခန်းဝယ်ယူ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။  ပြပွဲရက်အတွင်းမှာတော့ အိမ်ရာစီမံကိန်း(၃)ခုက တိုက်ခန်းပေါင်း(၁၅၀)ကို ရောင်းချပေးသွား မှာဖြစ်ပြီး တိုက်ခန်းစတင်ဝယ်ယူမယ်ဆိုတာနဲ့ အခန်းအပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News