အဆောက်အအုံနဲ့ အိမ်ယာဆိုင်ရာပြပွဲ (၂၀၁၇)ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ပြုလုပ်နေပါတယ်။ ဒီပြပွဲကို မတ်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။  ပြပွဲမှာအခန်း(၁၀၀)ပါဝင်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ(၆၀)လာရောက် ပြသကာ  အိမ်ဆောက်ပစည်း အိမ်ရာအရောင်းပြခန်း၊ အိမ်အတွင်းအလှဆင်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းတွေ အပါအ၀င်တန်ဖိုးမြင့်အိမ်ရာတွေကိုပါ ပြသရောင်းချနေတာပါ။   ဒီပြပွဲရက်တွေအတွင်း စီးပွားရေးနဲ့ပတ်သတ်တဲ့ ဟောပြောပွဲတွေလည်းပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးပညာရှင်တွေက လာရောက်ဟောပြောမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News