သင်္ကြန်ကာလနီးပေမဲ့ ရန်ကုန်တိုင်းအတွင်း ဆန်အရောင်းအ၀ယ်အခြေအနေက တက်မလာဘဲ ပုံမှန်အတိုင်းအေးနေတယ်လို့ ဆန်အရောင်းအ၀ယ်လုပ်နေသူတွေက ပြောပါတယ်။ သင်္ကြန်ကာလ နားနီးရင်အလှူအတန်းလုပ်ဖို့နဲ့ အိမ်တွင်းစားသုံးဖို့အတွက် အဖွဲ့အစည်းတွေကကော၊ လက်လီဆိုင် တွေကပါ ဆန်ကုန်စည်ဒိုင်တွေမှာ ဆန်ကြိုတင်ဝယ်ယူစုဆောင်းတာတွေ နှစ်စဉ်အ၀ယ်များခဲ့ ပါတယ်။ ဒီနှစ်မှာတော့အရောင်းအ၀ယ်တွေက တစ်ပတ်မှာ တနင်္လာနေ့ တစ်ရက်လောက်သာ အရောင်းအ၀ယ်ကောင်းပြီး ကျန်ရက်တွေမှာတော့ ပုံမှန်အတိုင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလိုအရောင်းအ၀ယ်အေးနေတာဟာ ရန်ကုန်တစ်ခုထဲမှာ မဟုတ်ဘဲ မူဆယ်ဈေးကွက်မှာလည်း အရောင်းအ၀ယ်အေးနေတယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှာ ဆန်အရောင်းအ၀ယ်က ပြီးခဲ့တဲ့တစ်ပတ်လောက်အထိကောင်းနေပေမယ့် သင်္ကြန်ကာလနားနီးတော့ အရောင်းအ၀ယ် အေးသွားတယ်လို့ သိရပါတယ်။ဆန်ဈေးနှုန်းတွေကလည်း လက်ရှိမှာ အတက်အကျမရှိ ပုံမှန်ဈေးအတိုင်းဘဲ ဖြစ်နေပြီးဆန်ကြမ်းတစ်အိတ် ပျမ်းမျှကျပ်နှစ်သောင်းဝန်းကျင်လောက်နဲ့ ဆန်ချောတစ်အိတ် ပျမ်းမျှ ကျပ် သုံးသောင်း ကျော်ဝန်းကျင် လောက်ရှိတယ်လို့ သိရပါတယ်။ ဆန်ဝင်ရောက်မှုအနေနဲ့ကတော့ တစ်ရက်ပျမ်းမျှ ရန်ကုန်ကို မြန်မာတစ်နိုင်ငံလုံးက ဆန်အိတ်ရေ ငါးသောင်းဝန်းကျင်လောက် ၀င်တယ်လို့ ၀ါးတန်းလမ်း ကုန်စည်ဒိုင်စာရင်း တွေအရသိရပါတယ်။ 

 

 

Related News