အခုနှစ် သင်္ကြန်ကာလနီးလာပေမယ့် စားသောက်ကုန်စည်တွေ အရင်နှစ်တွေထက် အ၀ယ်မများ ဘဲ အရောင်းပါးနေသေးတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။ သင်္ကြန်ကာလနီးလာပေမဲ့ သင်္ကြန်တွင်းအတွက် အိမ်တွင်းစားသောက်ကုန်တွေ ၀ယ်ယူ စုဆောင်းတာနည်းပါးပြီး လက်ရှိအချိန်ထိ ပုံမှန်ရောင်းနေကြအတိုင်းသာ ရောင်းနေရတယ်လို့ ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းတွေက ပြောပါတယ်။ ပွဲရုံပိုင်ရှင်တွေကတော့ ယခင်နှစ်ရဲ့ရောင်းအားတွေကိုမှန်းပြီး ကုန်စည်တွေမှာထားပေမယ့် ရောင်းအားပါးတာကြောင့် ပွဲရုံထဲမှာကုန်စည်တွေပုံနေတယ်လို့ပြောပါတယ်။

အခုလို သင်္ကြန်ကာလ နီးလာပေမယ် ကုန်စည်တွေ အရောင်းပါးတာဟာ သင်္ကြန်ရုံးပိတ်ရက် ပြောင်းလဲသတ်မှတ်လိုက်တာနဲ့  သက်ဆိုင်နိုင်တယ်လို့ ပွဲရုံပိုင်ရှင်တွေက သုံးသပ်ထားပါတယ်။ အခုလိုသင်္ကြန်ကာလအနီး ကုန်စည်တွေအရောင်းပါးတာဟာ ဒီနှစ်မှာ တောင်သူတွေအနေနဲ့ တောင်ယာ အစိုက်များလာပြီး ရန်ကုန်ကို ကုန်စည်ဝင်ရောက်မှုကလည်း အရင်နှစ်ထက် များလာတာကြောင့်လို့ သိရပါတယ်။ ဒါ့အပြင် စားသုံးသူတွေရဲ့ လုပ်ခလစာပြေလည်မှုမရှိတာနဲ့ သက်ဆိုင်တယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုချောင် သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌက ပြောပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ကတော့ သင်္ကြန်ပိတ်ရက်ကို ယခင်နှစ်တွေအတိုင်း သင်္ကြန်တွင်း (၅)ရက်သာပိတ် သွားမယ်လို့ သိရပါတယ်။

 

 

Related News