YBS ယာဉ်လိုင်းတွေအနေနဲ့ ဧပြီလ(၇)ရက်မှစတင်ပြီး ခရီးစဉ်တစ်ဖြတ်ကို (၁၀၀)ကျပ်သာ ကောက်ခံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဖြစ်တဲ့YUPT  ကုမ္ပဏီယာဉ်တွေ အပါအ၀င်YBSယာဉ်လိုင်းပေါင်း (၈၁)လိုင်းလုံးဟာ ခရီးစဉ်တစ်ဖြတ်(၁၀၀)ကျပ်နှုန်းနဲ့ ခရီးစဉ်စဆုံးကို (၂၀၀)ကျပ်သာ ကောက်ခံရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေနဲ့ ယာဉ်စီးခပိုမိုတောင်းခံပါက YBS ယာဉ်လိုင်းတွေမှာ တိုင်ကြားရမယ့် ဖုန်းနံပါတ်တွေကိုပါ ရေးသားပေးထားတယ်လို့ ပြောပါတယ်။ခရီးစဉ်တစ်ဖြတ်ကို (၁၀၀)ကျပ်နှုန်း ကောက်ခံသွားပေမယ့် အဲကွန်းနဲ့ ပြေးဆွဲပေးမယ့် ကုမ္ပဏီယာဉ်တွေကတော့ (၂၀၀)ကျပ်နှုန်း ကောက်ခံသွားမှာဖြစ်ပြီး သင်္ကြန်ကာလမှာ့ YBS ယာဉ်စီးရေ (၁၄၀၀)ကျော်ထဲမှ (၂၈၀)နီးပါး ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

 

Related News