သင်္ကြန်တွင်း  နေရပ်ပြန်မယ့်ခရီးသည်တွေအနေနဲ့ သင်္ကြန်တွင်းမှာ လက်မှတ်ဝယ်ယူလို့ မရတဲ့ အခက်အခဲတွေရှိနေတာကြောင့် ကားလက်မှတ်တွေကိုအစောကြီး ကြိုတင်ဝယ်ယူနေတာတွေ ရှိနေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။သင်္ကြန်ကာလအတွင်းနေရပ်ပြန်မယ့်ခရီးသည်တွေအတွက် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း အချို့ဟာ သင်္ကြန်မတိုင်မီ (၁၁)ရက်နေ့အထိ နောက်ဆုံးထားပြီး လက်မှတ်ရောင်းချတာတွေ ရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှသာ ယာဉ်လိုင်းတွေပုံမှန်ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်တဲ့အတွက် ခရီးသွား တွေဟာ သင်္ကြန်တွင်းနေရပ်ပြန်ဖို့ကို အခုကတည်းက ကြိုတင်ဝယ်ယူနေရတာ ဖြစ်တယ်လို့ နေရပြန်မယ့် ခရီးသည်တွေက ပြောပါတယ်။

ယခင်နှစ် သင်္ကြန်အပြီးမှာ ယာဉ်လိုင်းတွေ ပုံမှန်ပြန်လည်ပြေးဆွဲပေမယ့် နယ်ကနေ ပြန်လာတဲ့ခရီးသည်တွေအနေနဲ့ တစ်ဆင့်ဝယ်ရတဲ့ ကားလက်မှတ်အရောင်းဌာနတွေ မဖွင့်တဲ့အတွက် လက်မှတ်ဝယ်ယူလို့မရတဲ့ အခက်ခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့လည်း သင်္ကြန်ကာလအတွင်း ၀န်ထမ်းတွေ နယ်ပြန်တာတွေ ရှိနေလို့ ယာဉ်လိုင်းပြေးဆွဲမှုတွေရပ်နားမှာဖြစ်တဲ့အပြင် ကားလက်မှတ်တွေကို သင်္ကြန်ကာလအတွင်း ရောင်းချနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။အခုနှစ်သင်္ကြန်ကာလအတွက် နေရပ်ပြန်မယ့် ခရီးသွားဦးရေဟာ အရင်နှစ်ကထက် နှစ်ဆခန့် မြင့်တက်နေပြီး ခရီးသွားဦးရေများပြားတဲ့အတွက် ယာဉ်အစီးရေတွေကို တိုးချဲ့ပြေးဆွဲဖို့လည်း စီစဉ်နေတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေထံ သိရပါတယ်။

 

 

Related News