ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်ကွန်ဒိုတိုက်ခန်းများ ပါဝင်ရောင်းချနေတဲ့ နှစ်သစ်ကူးအကြို အိမ်ရာအရောင်းပြပွဲကို ဗဟန်းမြို့နယ်အတွင်းရှိ Golden Valley Cluster House မှာ ကျင်းပပြုလုပ် နေပါတယ်။ ဒီအိမ်ရာအရောင်းပြပွဲကိုတော့ Naing Group ကုမ္ပဏီလီမိတက်နဲ့ I Myanmar House.com တို့က ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ပြီး ဗဟန်း၊ ကျောက်တံတား၊ စမ်းချောင်း၊ ဗိုလ်တထောင်၊ ကမာရွတ်၊ တာမွေ၊ ဒဂုံနဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်များရှိ အိမ်ရာစီမံကိန်း(၉)ခုကကွန်ဒို တိုက်ခန်းတွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။ ဒီနှစ်သစ်အကြို အိမ်ရာအရောင်းပြပွဲကိုတော့ ဧပြီလ(၇)ရက်နဲ့ (၈)ရက် (၂)ရက်တွင်း ပြသရောင်းချနေတာဖြစ်ပြီး Golden Valley Cluster House  ဖွင့်ပွဲနဲ့အတူ ပြသရောင်းချနေတာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ငွေကျပ်သိန်းတစ်ထောင်ကနေ သိန်းငါးထောင်ခန့်အထိ ဈေးရှိပြီး ပြပွဲအတွင်းဝယ်ယူသူတွေကို ဈေးလျော့ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

Related News