E-lottery စနစ်နဲ့ ငွေကျပ်(၅၀)တန်ထီကို တစ်လ ၂ ကြိမ်ဖွင့်နိုင်အောင် စီစဉ်ထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဧပြီလ ၁၀ ရက်က ပြုလုပ်တဲ့ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့လည်း န-ူသအအနမပ စနစ်နဲ့ ပတ်သတ်ပြီးစနစ်တကျဖြစ်အောင် ပြည်ပမှ ပညာရှင်တွေလည်း ငှားရမ်းထားပြီးပြီလို့ သိရပါတယ်။ 

E-lottery စနစ်နဲ့ ပတ်သက်ပြီး အိန္ဒိယ၊တရုတ်၊စင်ကာပူ၊ကိုရီးယား၊ထိုင်ဝမ်၊ မလေးရှား၊ အမေရိကန်စတဲ့ နိုင်ငံများက လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ရန် ဆွေးနွေးမှုတွေလည်းရှိတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရပါတယ်။ ၅၀ တန်ထီကို ဖုန်းနဲ့ အွန်လိုင်းမှတဆင့် ထိုးလို့ရအောင်ဆောင်ရွက်ပေးထားတာဖြစ်ပြီး တစ်ကြိမ်ကို ဆုငွေကျပ်(၁) သိန်းနှုန်းနဲ့ တစ်လ ၂ ကြိမ်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ ဆုမဲပေါင်းတစ်သောင်း ဒါမှမဟုတ် နှစ်သောင်းဖွင့်လှစ်ပေးမှာဖြစ်ပြီး လစဉ်လူပေါင်းလေးသောင်း ကျော်ရဲ့ စားဝတ်နေရေးအဆင်ပြေအောင် ငွေကျပ် ၅၀ ထဲနဲ့ တစ်သိန်းရအောင် စီစဉ်ထားတာလို့ သိရပါတယ်။ 

 

 

Related News