လက်ကားဈေးကွက်မှာ ကြက်သွန်နီဈေးအနည်းငယ်တက်တာကြောင့် လက်လီရောင်းချတဲ့ ဈေးတွေမှာလည်း ကြက်သွန်နီဈေးအနည်းငယ် တက်လာတယ်လို့ သိရပါတယ်။    လက်လီရောင်းချတဲ့ဈေးတွေမှာ ယခုတစ်ပတ်အတွင်း ကြက်သွန်နီဈေးဟာတစ်ပိဿာကို တစ်ရာဝန်းကျင်လောက် ဈေးတက်လာတယ်လို့ သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာဝယ်ရတဲ့ ၀ယ်ဈေးကိုက တက်လာတာကြောင့် လက်လီဈေးတွေမှာလည်း ဈေးတက်ရောင်းချရတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြက်သွန်နီအလုံးကြီးတစ်ပိဿာ     ကို   (၂၇၀၀)၊ (၂၆၀၀)၀န်းကျင်နဲ့ ရောင်းချနေပြီး အလုံးသေးကိုတော့ (၂၅၀၀)၀န်းကျင်နဲ့ ရောင်းချနေတယ်လို့ အင်းစိန်ဈေးရှိ ကြက်သွန်ဆိုင်များမှ သိရပါတယ်။

 ကြက်သွန်နီဈေးဟာ တစ်ကြိမ်ကို ငွေ(၁၀၀)ကျပ်ဝန်းကျင်သာ ဈေးအတက်အကျဖြစ်လေ့ရှိပြီး အခုနောက်ပိုင်းမှာတော့  ဈေးအတက်သာများပြီး ဈေးအကျကတော့ နည်းတယ်လို့ သိရပါတယ်။ ဒီလိုဈေးတက်မှုတွေကြောင့် အိမ်ရှင်မတွေအနေနဲ့ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အခုလိုပဲ ပြောပါတယ်။ အခုလိုကြက်သွန်နီဈေး အနည်းငယ်တက်လာမှုနဲ့အတူ အာလူးဈေးဟာလည်း (၁)ပိဿာကို (၁၀၀)၀န်းကျင်လောက် တက်နေတယ်လို့ သိရပါတယ်။          

 

 

Related News