အခုနှစ်ဝါကျွတ်ကာလအပြီးအိမ်ခြံမြေဈေးကွက်ဟာ ယခင်(၂၀၁၆) ခုနှစ်အလားတူ ကာလက ထက် (၂၀)ရာခိုင်နှုန်းအထိအရောင်းအ၀ယ်ပိုသွက်လာခဲ့တယ်လို့  iMyanmar House.com မှ တာဝန်ရှိသူကပြောပါတယ်။ 
 
အိမ်ခြံမြေဈေးကွက်ဟာ အခုနှစ်ဝါကျွတ်ကာလနောက်ပိုင်းမှာ အရောင်းဈေးကွက်ကော အငှားဈေးကွက်ပါ သွက်လာတာဖြစ်ပါတယ်။အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ (၂၀၁၆)ခုနှစ် အစိုးရသစ်လက်ထက်မှာ ဈေးကွက်အနေအထားအရ ပိုမိုရောင်းအားကောင်းလာမယ်လို့ မျှော်မှန်းထား ပေမယ့် ဖြစ်မလာခဲ့ဘူးလို့သိရပါတယ်။ ဒါ့အပြင်ဆောက်လုပ်ရေးပိုင်းမှာလည်း အထပ်မြင့် အဆောက်အဦဆောက်လုပ်မှုတွေပါရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။
 
အိမ်ခြံမြေဈေးကွက်ဟာ (၂၀၁၆)ခုနှစ်မှာ အရောင်းအ၀ယ်အေးခဲ့ပေမယ့် အိမ်အငှား ဈေးကွက်ကတော့ ပုံမှန်ရှိနေခဲ့တယ်လို့သိရပါတယ်။အခု(၂၀၁၇)ခုနှစ်မှာတော့ အိမ်ခြံမြေ အရောင်းဈေးကွက်ကော အငှားဈေးကွက်ပါအရောင်းအ၀ယ်သွက်လာခဲ့တယ်လို့ သိရပါတယ်။
 
အခုနှစ်မှာ အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်သွက်လာတာဟာ ဈေးကွက်မှာ ကွန်ဒိုမီနီယမ် ဥပဒေကိုအတည်ပြုလိုက်တဲ့အတွက် ပြည်ပကနေလာရောက်လုပ်ကိုင်တဲ့နိုင်ငံခြားသားတွေ ပြည်တွင်းက ကွန်ဒိုတွေနဲ့တိုက်ခန်းတွေကို ၀ယ်ယူခွင့်ရရှိခဲ့တဲ့အတွက်လည်းပါဝင်တယ်လို့ သိရပါ တယ်။ လက်ရှိမှာ  iMyanmar House.com  အနေနဲ့ အခြားဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တန်ဖိုးနည်းတိုက်ခန်းတွေကို တာဝန်ယူရောင်းချ ပေးနေတယ်လို့သိရပါတယ်။ 
 
 

Related News