မန္တလေးမြို့ရတနာမောလ်မှာ နှစ်သစ်ကူးဈေးရောင်းပွဲတော်ကို ဇန်န၀ါရီလ ၆ရက်ကစတင် ပြုလုပ်နေတာဖြစ်ပါတယ်။  ဒီနှစ်သစ်ကူးဈေးရောင်းပွဲတော်ကို နှစ်စဉ်ရန်ကုန်မှာ ပြုလုပ်လျက်ရှိပြီး ယခုနှစ်မှာ မန္တလေးမြို့မှာပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြုလုပ်နေတဲ့ နှစ်သစ်ကူး ဈေးရောင်းပွဲတော်မှာဖျော်ဖြေရေးအစီအစဉ်များ၊ ကုန်ပစ်္စည်းသရုပ်ပြ မိတ်ဆက်ခြင်းများ၊ Game အစီစဉ်များ၊ စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေပါဝင်တယ်လို့လည်း သိရပါတယ်။ 
 
ဒီဈေးရောင်ပွဲတော်မှာ ကား၊ ဘဏ်ဝန်ဆောင်မှု ၊ အစားအသောက်နဲ့အ၀တ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊လူသုံးကုန်များစတဲ့ ဆိုင်ခန်းပေါင်း(၅၀)ကျော် ခင်းကျင်းပြသနေတာဖြစ်ပါတယ်။ ဒီပွဲမှာ အဓိက ပံ့ပိုးကူညီထားတဲ့ Ford ကားနဲ့တွဲဖက် ပံ့ပိုးကူညီထားတဲ့ ဧရာဝတီဘဏ်တို့ကလည်း ပါဝင်ပြသထားပါတယ်။
 
အခုပြုလုပ်တဲ့ နှစ်သစ်ကူးဈေးရောင်းပွဲတော်နဲ့ ပရိုမိုရှင်းပွဲကိုတော့ ဇန်န၀ါရီလ ၆ ရက်မှ ၈ ရက်ထိ ၃ရက်ကျင်းပပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ 
 
 

Related News