ယုံကြည်စိတ်ချရသောအစားအစာဖြစ်စေရေး ဟောပြောပွဲကို ဇန်န၀ါရီလ ၁၇ ရက်က မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်တာဖြစ်ပါတယ်။ ယုံကြည်စိတ်ချရသောအစားအစာ ဖြစ်စေရေး ဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MRFPEA)က ပြုလုပ်ပေးတာဖြစ်ပါတယ်။ စားသုံးသူမိဘပြည်သူတွေ အတွက် ယုံကြည်စိတ်ချရသော အစားအစာဖြစ်ရေး စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူတွေအနေနဲ့ အလေးထား ဆောင်ရွက်ဖို့ရည်ရွယ်ပြီး အခုလိုဟောပြောပွဲကိုပြုလုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒီဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ မန္တလေးမြို့ကအစားအသောက်နဲ့ပတ်သက်တဲ့ လုပ်ကိုင်သူတွေနဲ့ စိတ်ပါဝင်စားသူတွေ တက်ရောက်ကြပါတယ်။ မန္တလေးတိုင်းဒေသကြီး စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအနေနဲ့လည်း အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ စားသောက်ကုန် သန့်ရှင်းစင်ကြယ်ရေးဟောပြောပွဲ၊ကျောင်းပညာပေးအစီအစဉ်များကို ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။  မန္တလေးတိုင်းဒေသကြီးစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေနဲ့ အသင်းသားအရေအတွက်ဟာ၂၀၀ ၀န်းကျင်ရှိပြီး နည်းပါးနေသေးတယ်လို့လည်း သိရပါတယ်။ 
 
 
 

Related News