မတ်လ(၄)ရက်က အိန္ဒိယနိုင်ငံမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲ ၀ယ်ယူမည်ဟု ထုတ်ပြန် ကြေညာပြီးနောက် ပြည်တွင်းမှာ မတ်ပဲဈေးတစ်တန်ကို ငွေကျပ်ရှစ်သောင်းဝန်းကျင်ခန့် မြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးခင်ဟန်က ပြောပါတယ်။မေလ (၄)ရက်ကထုတ်ပြန်ကြေငြာခဲ့ပြီး မေလ(၅)ရက်မှတော့ ပြည်တွင်းမတ်ပဲဈေးတစ်တန်ကို ငွေကျပ် ၃သိန်း၆သောင်းဝန်းကျင်ကနေ ကျပ်လေးသိန်းခွဲနီးပါးထိပေါက်ဈေးရှိခဲ့ပါတယ်။ ဒါဟာ တစ်တန်ကို ငွေကျပ်ရှစ်သောင်း ၀န်းကျင်ခန့်ထိ ဈေးတက်ခဲ့တာပါ။
 
ပြည်တွင်းက တောင်သူတွေရဲ့ လက်ထဲမှာ ပဲတန်ချိန်လေးသိန်းဝန်းကျင်ထိရှိနေပြီး ဒါဟာ ပဲတင်ပို့ခွင့်မရခဲ့လို့ ပဲတွေကျန်နေတာဖြစ်ပါတယ်။ အိန္ဒိယက မတ်ပဲတန်ချိန် တစ်သိန်းခွဲသာ တင်ပို့ခွင့်ရပါက တောင်သူတွေအတွက်ပိုမိုအဆင်ပြေလာမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကို မတ်ပဲနဲ့ ပဲစိမ်းငုံကို အဓိကတင်ပို့နေရပြီး ပဲတီစိမ်းကတော့ ဂျပန်၊ ကိုရီယား တရုတ်အစရှိတဲ့ နိုင်ငံတွေကို တင်ပို့နေရတယ်လို့သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း ပဲထွက်ရှိမှုဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မတ်ပဲတန်ချိန် လေးသိန်းနဲ့ ပဲစင်းငုံက တန်ချိန်နှစ်သိန်းခွဲနီးပါးထွက်ရှိတယ်လို့ သိရပါတယ်။
 
 
 

Related News