သင်္ကြန်ကာလအတွင်းမှာ ဆန်ချောဈေးနှုန်းတွေတည်ငြိမ်နေမယ့် သင်္ကြန်အပြီးကာလတွေ နောက်ပိုင်းနဲ့ အခု မေလဆန်းပိုင်းမှာတော့  ဆန်ချောဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့  ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း)မှသိရပါတယ်။ဆန်ချောဈေးတက်ရတာဟာ လက်ရှိမှာလှောင်စပါးတွေသာလက်ထဲမှာရှိနေတာကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ ဆန်ချောဈေးနှုန်းတွေ မြင့်တက်နေသလို တစ်ဖက်မှာ ဆန်ကြမ်းဈေးနှုန်းကတော့ ကျဆင်းနေပါတယ်။ ဆန်ကြမ်းကတော့ မူဆယ်ဘက်က ၀ယ်ယူမှုနည်းပါးတဲ့အတွက် ဈေးနှုန်းကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။ဆန်ချောဈေးနှုန်းတွေတက်နေပြီး ဆန်ကြမ်းဈေးနှုန်းတွေကျဆင်းနေပေမယ့် အရောင်းအ၀ယ် ကတော့ ပုံမှန်အတိုင်းသာလည်ပတ်နေတယ်လို့ သိရပါတယ်။

သင်္ကြန်မတိုင်ခင်က ငြိမ်သက်နေတဲ့ ဆန်ချောဈေးနှုန်းဟာ သင်္ကြန်အပြီးကနေ မေလဆန်းပိုင်းအထိ တစ်အိတ်ကို ကျပ်နှစ်ထောင် ၀န်းကျင်ခန့်မြင့်တက်လာတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် လေးသောင်းလေးထောင်မှ လေးသောင်းခြောက်ထောင်ဝန်းကျင် ဖျာပုံ၊ မော်ကျွန်း၊ လပွတ္တာ ၀ါးခယ်မပေါ်ဆန်းတစ်အိတ်ကိုတော့ ငွေကျပ် လေးသောင်းမှ လေးသောင်းတစ်ထောင်ဝန်းကျင် ဘိုကလေးပေါ်ဆန်းကတော့ တစ်အိတ်ကို ငွေကျပ် သုံးသောင်းရှစ်ထောင်မှ သုံးသောင်းရှစ်ထောင့်ငါးရာထိ ပေါက်ဈေးရှိတယ်လို့ ၀ါးတန်းလမ်း ကုန်စည်ဒိုင်မှသိရပါတယ်။

 

 

Related News