ယခုနှစ် သရက်သီးရာသီ တရုတ်ဈေးကွက်မှာ အရောင်းအ၀ယ်အနည်းငယ်အေးနေပြီး ပြည်တွင်းဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ 
ဖွံဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။  ယခုနှစ်သရက်သီးအပွင့်နဲ့ အသီးကင်းချိန်မှာ ရာသီဥတုဒဏ်ခံရပြီး အထွက်အနည်းငယ် လျော့နည်းခဲ့ပါတယ်။ သရက်သီးပြည်ပတင်ပို့မှုအနေနဲ့ တရုတ်ဈေးကွက်ရောင်းချရမှုမှာ ယခင်နှစ်ကထက် ရောင်းအားနည်းတယ်လို့ သိရပါတယ်။
 
ပြည်တွင်းမှာတော့ အေးဂျင့်တွေက၀ယ်ယူ ကြပြီး တောင်သူတွေအတွက် ပြည်တွင်းဈေးကွက် အရောင်းအ၀ယ်ရှိနေတယ်လို့ ဆိုပါတယ်။ ယခုနှစ် သရက်သီးစတင်တင်ပို့ချိန် တရုတ်ပြည်ဈေးကွက်မှာ စိန်တစ်လုံးသရက်သီး(၁၆)ကီလိုဂရမ် တစ်ခြင်းကို ပျမ်းမျှတရုတ်ငွေ ယွမ်(၁၁၀)၀န်းကျင်ရှိခဲ့ပေမယ့် ယခု (၇၀)ယွမ်ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ စိန်တစ်လုံး အမျိုအစား သရက်သီးတစ်လုံးကို (၄၀၀) ကျပ် ၀န်းကျင်ရောင်းချရတယ်လို့ သိရပါတယ်။ 
 
မြန်မာ့သရက်သီးဈေးကွက်ကို တရုတ်နိုင်ငံအပြင် ရုရှား၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဒူဘိုင်းစတဲ့နိုင်ငံတွေကိုလည်း တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။ သရက်ဈေးကွက်မှာ ဈေးကွက်ကောင်းရဖို့ (၁)နှစ်ထက် (၁)နှစ်အရည်အသွေးက အရေးကြီးလာတယ်လို့ ပြောပါတယ်။ မြန်မာ့သရက် ကမ္ဘာ့ဈေးကွက်မှာ နေရရဖို့ အရည်အသွေးမီတဲ့ သရက်သီးတွေ ထွက်ရှိအောင်စိုက်ပျိုးဖို့ လိုအပ်လာပြီး လာမယ့်နှစ်တွေအတွက် နည်းစနစ်တွေလေ့လာပြီး သုံးသပ်စိုက်ပျိုးဖို့ လိုအပ်လာပြီး ဖြစ်တယ်လို့ ပြောပါတယ်။
 
သရက်ကနေတန်ဖိုးမြှင့် စားသောက်ကုန်တွေထွက်ရှိ လာအောင် ဆောင်ရွက်ပြီး အခြားဈေးကွက် သစ်တွေရအောင် ဖော်ဆောင်ဖို့နိုင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
  မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ပြီး ပထမ အကြိမ်အဖြစ် သရက်သီးဈေးရောင်းပွဲမှာ မန္တလေးမြို့ ကုသိုလ်တော်ဘုရားအနီးမှာ မေလ၂၀ ရက် မှ ၂၂ ထိ 
 
ပြုလုပ်ရောင်းချနေပါတယ်။ ဒီသရက်ဈေးရောင်းပွဲတော်မှာ သရက်သီးမျိုးစိတ်အစုံ၊ သရက်ပျိုးပင်ပေါက်၊ သရက်သီးထွက် စားသောက်ကုန်၊ စိုက်ပျိုးရေးပစ္စည်းတွေကို အခန်း (၃၀)ကျော်နဲ့ ပြသရောင်းချနေပါတယ်။
 
 

Related News