ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းများထက် ကိုယ်ပိုင်ယာဉ်များနဲ့ တက္ကစီယာဉ်များဟာ  စည်းကမ်းဖောက်ဖျက်မှု ပိုမိုများပြားတယ်လို့ အမှတ်(၆)ဒုတပ်ဖွဲ့ခွဲ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရပါတယ်။ ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေဟာ အရင်မထသလက်ထက်က ခရီးသည်တင်ယာဉ်လိုင်းတွေက စည်းကမ်းဖောက်ဖျက်မှုတွေများပြားခဲ့ပြီး လက်ရှိ ပြေးဆွဲနေတဲ့YBS ယာဉ်လိုင်းတွေကတော့ စည်းကမ်းဖောက်ဖျက်မှုနည်းပါးတယ်လို့သိရပါတယ်။ အငှားယာဉ် နှင့် ကိုယ်ပိုင်ယာဉ်တွေ အများဆုးံ စည်းကမ်းဖျောက်တဲ့ အမှုတွေက ယာဉ်ကွေ့ကြောတွေမှာ ရပ်နားတာတွေ၊ ကားမှတ်တိုင်တွေမှာ ရပ်နားတာတွေက အများဆုးံဖြစ်ပြီး ဒီလို ယာဉ်စည်းကမ်းမလိုက်နာတဲ့ အဌားယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်တွေကို  မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်  သက်ဆိုင်ရာအဖွဲ့အစည်းများမှ  ဖမ်းဆီးအရေးယူလျှက်ရှိတယ်လို့သိရပါတယ်။

ဒီလို ယာဉ်စည်းကမ်း မလိုက်နာတာကြောင့် ၂၀၁၈ ဇန်န၀ါရီလကနေ ဇွန်လ(၄)ရက်နေ့အထိ စည်းကမ်းပျက်ယာဉ် (၃)သောင်းကျော်ကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ဖမ်းဆီးအရေးယူထားတဲ့ ယာဉ်စီးရေ(၃၂၈၂၈)စီးရှိပြီး ဒီအထဲမှာ CCTV ကနေ တစ်ဆင့် ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ဖမ်းမိထားတဲ့ယာဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို အရေးယူရာမှာ ယာဉ်မောင်းလိုင်စင်သိမ်းဆည်း ထားတာကြောင့် ယာဉ်မောင်းတွေအနေနဲ့လည်း  ချက်ချင်းဒဏ်ငွေလာဆောင်ကြသလို ကားလိုင်စင်သက်တမ်းတိုးရင် သက်ဆိုင်ရာ(ကညန)ရုံးတွေမှာ အပြစ်ရှိမရှိ အမှုသေးရှိမရှိကို စစ်ဆေးပြီးမှသာ လိုင်စင်ထုတ်ပေးတာကြောင့် အမြန်ဆုံး ဒဏ်ငွေလာဆောင်ကြတယ်လို့သိရပါတယ်။

စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့တွေ ပိုမိုဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လိုက်နာမှုအားနေတဲ့ ယာဉ်တွေကို ဦးစီးပေးဖမ်းဆီးမှုတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

 

 

 

 

 

 

Related News