အသေးစား အလတ်စား လုပ်ငန်းရှင် တွေအတွက် ပညာလည်းရ အရင်းအနှီးလည်းရစေမယ့် အစီအစဉ် တစ်ခုကို အစိုးရရဲ့ SME ဌာန ၊UMFCCI၊ Karsikorn Bank (K Bank) နဲ့မိတ်ဖက်အဖွဲ့တွေပေါင်းပြီး ပြိုင်ပွဲတစ်ခု ပြုလုပ်ပေးမယ်လို့သိရပါတယ်။ ဒီပြိုင်ပွဲပြုလုပ်မယ့် အစီအစဉ်ကို ဇွန်လ ၁၁ရက်မနက်ပိုင်းက ရန်ကုန် KBank ရုံးမှာ မိတ်ဆက်ခဲ့ပါ တယ်။KBank Biz Plan Challenge လို့အမည်ပေးထားတဲ့ဒီအစီအစဉ်ကို SME လုပ်ငန်းလုပ်ကိုင်နေသူတွေ အပြင် စွန့်ဦးတီထွင်ဆန်းသစ်ချင်သူတွေပါ ပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။ မိမိထုတ်ကုန်တွေအတွက် Digital ပလက်ဖောင်းအသုံးပြုပြီး ဈေးကွက်ရှာရောင်းချနိုင်တဲ့ အစီအစဉ်တွေရေးဆွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲအတွက်သင်တန်းပြုလုပ်ပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းနဲ့ပြိုင်ပွဲအတွက် SME လုပ်ငန်းရှင်တွေက အစိုးရဲ့ SME ဌာန၊ UMFCCI ၊ Renaissance Institute နဲ့ UTCC တို့မှာ လျှောက်ထားနိုင်ပြီး တခြားနယ်ပယ်က တက်ရောက်ချင်သူတွေက Kbank ရန်ကုန်မှာ စုံစမ်းနိုင်ပြီး ဇွန်လ ၂၆ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်၊ သင်တန်းကတော့ ဇွန် လ၂၉ရက်နေ့မှာစတင်ပြုလုပ်မှာ ဖြစ့်ပြီး ပြိုင်ပွဲကတော့ သြဂုတ်လ ၂၀ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ပထမရတဲ့ သူကတော့ ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ဖို့ အရင်းအနှီး ဒေါ်လာ တစ်သောင်း ရမှာဖြစ်ပြီး သြဂုတ်လကုန်မှာ ထိုင်းနိုင်ငံကိုသွားရောက်ကာ ထိုင်းထိပ်တန်း စွန့်ဦးတီထွင်သူတွေနဲ့ အသိပညာ ဖလှယ်ခွင့်လည်းရမှာပါ။

  ဒုတိယနဲ့တတိယရသူတွေက ထိုင်းခရီးစဉ်မှာပါဝင်နိုင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးဆယ်ဦးကတော့ အသိအမှတ်ပြုလက်မှတ်တွေပေးမှာဖြစ်ပါတယ်၊ထိုင်းရဲ့ထိပ်တန်း SME Bank တစ်ခုဖြစ်တဲ့ K Bank အနေနဲ့ SME ကဏ္ဍအတွက် မြန်မာနိုင်ငံကို ဝင်ရောက်လာတာ ၆နှစ်ရှိပြီဖြစ်ပြီး SME Development Center ၊ UMFCCI တို့နဲ့ ပူးပေါင်းကာ အသေးစား အလတ်စားလုပ်ငန်းရှင်တွေအတွက် သင်တန်းပို့ချမှုတွေပြုလုပ်ပေးနေတာလည်း ၄နှစ်ရှိပြီလို့သိရပါတယ်။

 

 

Related News