ပြည်တွင်းစက်သုးံဆီဈေးတွေအနည်းငယ် ပြန်လည်ကျဆင်းလာပေမယ့်အငှားယာဉ်မောင်းတွေအနေနဲ့ အခုထက်ပိုပြီး ဈေးကျဆင်းဖို့ မျှော်လင့်နေတယ်လို့ အငှားယာဉ်မောင်းတွေ ထံမှသိရပါတယ်။ ပြည်တွင်းမှာတစ်ရိပ်ရိပ်မြင့်တက်လာတဲ့စက်သုးံဆီဈေးဟာမေလဆန်းပိုင်းကစလို့စတင်မြင့်တက်လာတာဖြစ်ပြီးအခုလက်ရှိမှာတော့ပြန်လည်ကျဆင်းလာတယ်လို့သိရပါတယ်။

ယခင်ကပြည်တွင်းဆီဈေးဟာ(92)ဓါတ်ဆီတစ်လီတာကို (880)ကျပ်အထိဈေးတက်ပြီး(95)ကျပ်ကတော့(930)ကျပ်အထိမြင့်တက်သွားတယ်လို့သိရပါတယ်။အခုလက်ရှိမှာတော့(92)ဓါတ်ဆီတစ်လီတာကို(875)ကျပ်ရှိပြီး(95)ဓါတ်ဆီတစ်လီတာကို(925)ကျပ်အထိဈေးအနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။ လက်ရှိဒီဈေးဟာ တွက်ချေမကိုက်လို့စက်သုးံဆီဈေးကို အခုထက်ပိုပြီးကျဆင်းစေလိုတယ်လို့အဌားယဉ်မောင်းတစ်ဦးကပြောပါတယ်။

ပြည်တွင်းစက်သုးံဆီဈေးတွေဟာအကျဘက်မရှိပဲတောက်လျှောက်မြင့်တက်နေတာကြောင့်အဌားယဉ်မောင်းတွေအနေနဲ့တွက်ချေကိုက်ဖို့အတွက်အခေါက်ရေတိုးပြေးဆွဲနေရသလိုဆီဈေးတက်လို့ပုံမှန်ထက်ဈေးပိုတောင်းရတာတွေရှိလာတဲ့အတွက်ခရီးသည်တွေနဲ့ဈေးစကားပြောရတာတွေရှိလာပြီးခရီးစဉ်ရွေးချယ်ရမှုတွေလည်း ရှိလာပါတယ်။ 

အခုအချိန်မှာဆီဈေးပြန်လည်ကျဆင်းလာပေမယ့်ယခင်ကကျဆင်းတဲ့ဈေးကိုမမီသေးလို့ကားပြေးဆွဲရတာအဆင်ပြေမှုမရှိဘူးလို့သိရပါတယ်။ပြည်တွင်းစက်သုးံဆီဈေးပြန်လည်ကျဆင်းလာတာဟာကမ္ဘာ့ရေနံဈေးကျဆင်းလာတာကြောင့်ဖြစ်ပြီးပြည်ပနိုင်ငံတွေဖြစ်တဲ့ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတွေမှာလည်းစက်သုးံဆီဈေးတွေပြန်လည်ကျဆင်းနေတယ်လို့သိရပါတယ်။ဒါပေမယ့်ပြည်တွင်းမှာတော့ထင်သလောက်ကျဆင်းမှုမရှိသေးပဲအခုဈေးအတိုင်းပဲဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့360 PETRO  ဓာတ်ဆီဆိုင် တာဝန်ခံကိုတင်ထူးအောင်ကပြောပါတယ်။

ပြည်တွင်းစက်သုးံဆီဈေးတွေအနေနဲ့အရင်ကတစ်လီတာကို(၆၀၀)ကျော်ကနေအမြင့်ဆုးံ(၉၀၀)ကျော်အထိဈေးနူန်းတွေမြင့်တက်လာတာဖြစ်ပြီး လက်ရှိပေါက်ဈေးကတော့ (92)တစ်လီတာကို(875)၊(95)တစ်လီတာကို(925)၊ ပရီမီယံဒီဇယ်တစ်လီတာကို (915)နဲ့ဒီဇယ်ဆီအနေနဲ့(900)ကျပ်အထိ ဈေးရှိနေတယ်လို့စက်သုးံဆီ အရောင်းဆိုင်တွေက သိရပါတယ်။

 

 

Related News