(၁၇)ကြိမ်မြောက် ကျပ်(၅၀၀)တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဒီနေ့သြဂုတ်လ(၁)ရက် မနက်ပိုင်းက ရန်ကုန်မြို့အောင်ဘာလေသိန်းဆုဌာနခွဲမှာဖွင့်လှစ်ခဲ့ပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ (၁၇)ကြိမ်မြောက်ကျပ်(၅၀၀)တန်အောင်ဘာလေသိန်းဆုအတွက် ငွေကျပ်သိန်းတစ်သောင်းဆုက နံပါတ်(ဠ- ၉၅၅၆၇၄)၊ နဲ့ ငွေကျပ်သိန်းငါးထောင်ဆုက နံပါတ်(ခ- ၆၅၁၀၈၈)၊ နဲ့(ဆ- ၃၂၆၇၇၂)တို့ဖြစ်ပါတယ်။ (၁၇)ကြိမ်မြောက်ကျပ်(၅၀၀)တန်ထီအတွက် ငွေကျပ်သိန်း(၃၀၀၀ဆု)(၂)ဆုကတော့  (ဃ- ၁၅၀၈၄၅) နဲ့ (ဍ- ၉၇၀၄၅၉) တို့ဖြစ်ပြီး ငွေကျပ်သိန်းတစ်ထောင်ဆု (၅)ဆုက နံပါတ် (ကဇ- ၈၀၉၉၉၅)၊ (၀- ၂၂၃၃၃၇)၊ (ဂ- ၇၃၅၅၇၀)၊(ဆ-၉၅၆၉၆၈) နဲ့ (ထ- ၇၂၉၀၃၆) တို့ဖြစ်ပါတယ်။

ဒါ့အပြင် ဝေေ၀ဆာဆာဆုမဲစနစ် တွေကိုလည်းဖွင့်လှစ်ပေးခဲ့ပါတယ်။ အခု(၁၇)ကြိမ်မြောက် ကျပ်(၅၀၀)တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ (ကကြီး အက္ခရာမှ အ အက္ခရာ၊ ကက အက္ခရာမှ ကအက္ခရာအထိ)စုစုပေါင်း အက္ခရာလုံးရေ(၄၅)လုံး၊ ထီစာအုပ်ပေါင်း သုံးဆယ့်ခြောက်သိန်းရှစ်သောင်းတစ်ထောင်ရှစ်ရာ့တစ်ဆယ်) အုပ်ရောင်းချခဲ့ရပြီး ထီစာအုပ်အားလုံးကုန်စင်အောင်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း(၁၈၄၀၉.၀၅၀) ကျပ်ဖြစ်ပြီး ရောင်းရငွေစုစုပါင်းရဲ့(၆၀)ရာခိုင်နှုန်းကိုဆုငွေအဖြစ်ပြန်လည် ပေးအပ်သွားမှာဖြစ်ပြီး ကျန် ၄၀ရာခိုင်နှုန်း ကိုတော့နိုင်ငံတော်ရဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက် အခွန်ဘဏ္ဍာအဖြစ်ရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။  

ဆုငွေအမျိုးအစားအားလုံးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကျပ်(၁၀)သိန်းအောက်ဆုငွေတွေကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေအပြင် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွေမှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။ 

 

 

Related News