မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်၊ ကရင်နှင့်  တနသာင်္ရီဒေသတွေမှာ ရေကြီးရေလျှံမှုကြုံတွေ့နေရတာကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်စည်ဝယ်ယူမှုတွေ လျော့ကျနေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်လ (၂၆)ရက်ကစပြီး ဘီးလင်းမြို့နယ်ကိုဖြတ်သန်းသွားလာခွင့် ပိတ်ထားလို့ ကုန်တင်ကားတွေ လမ်းမှာ ပိတ်မိနေတာကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်လျော့ကျသွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၃၁)ရက်နေ့ မှာ ဘီးလင်းမြို့နယ်ကို ဖြတ်သန်းခွင့် ရရှိပြီဖြစ်ပေမယ့် လက်ရှိ တောင်ပိုင်းဒေသတွေရဲ့ ကုန်မှာယူမှုတွေက  ပုံမှန်အတိုင်းမရှိသေးဘဲ အရောင်းအဝယ်နည်းနေတယ်လို့ သိရပါတယ်။လက်ရှိ မီးဖိုချောင်သုးံကုန်ပစ္စည်း အားလူး ကတော့ မိုးရွာသွန်းမှုများတာကြောင့် တစ်ပိသာကို (၂၅၀)ကျပ် ခန့်ဈေးတက်သွားတယ်လို့သိရပါတယ်။ ကျန်တဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်း ဈေးနှုန်းတွေကတော့ အတက်အကျသိပ်မရှိဘူးလို့သိရပါတယ်။

ယခုနှစ်မိုးတွင်းကာလဟာ ပြီးခဲ့တဲ့နှစ်တွေထက် မီးဖိုချောင်သုးံကုန်ပစ္စည်းတွေ အရောင်းအ၀ယ်နည်းပြီး ဈေးနှုန်းတွေကတော့ ပြီးခဲ့တဲ့နှစ် ထက် ဈေးကျနေတယ်လို့သိရပါတယ်။ဈေးနှုန်းတွေအနေနဲ့ ကြက်သွန်နီဈေးဟာ (၅၀၀)ကျပ်ကနေ (၆၀၀)အထိရှိနေပြီး အားလူးကတော့ တစ်ပိသာကို ၉၀၀ကနေ (၁၂၀၀)အထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။ ငရုပ်ကတော့ ကုန်ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၃၅၀၀ ကနေ ၃၈၀၀ အထိပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်ဖြူဈေးကတော့ ငွေကျပ် (၇၀၀)ကနေ (၁၂၅၀) နဲ့ အရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

 

Related News