ပြည်တွင်းစက်သုးံဆီဈေး ဆက်လက်မြင့်တက်လာတဲ့အတွက် အငှားယာဉ်မောင်းတွေ အခက်အခဲတွေ့နေရပြီး  အခုထက်ပိုပြီး ဆီဈေးတွေ တက်လာခဲ့ရင် တွက်ချေမကိုက်နိုင်တော့လို့ ကားပြေးဆွဲမှုရပ်ရတာတွေရှိလာနိုင်တယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။ မေလဆန်းပိုင်းကစလို့ စတင်မြင့်တက်လာတဲ့ ပြည်တွင်းစက်သုးံဆီဈေးဟာ လက်ရှိ  (92)ဓါတ်ဆီတစ်လီတာကို (၉၀၀)ကျပ် ၊ (95) ကတော့(၉၅၀)ကျပ် အထိမြင့်တက်နေတယ်လို့ သိရပါတယ်။ စက်သုးံဆီဈေးနှုန်းတွေ မြင့်တက်သွားတာကြောင့် စက်သုးံဆီကို သုးံစွဲပြီး လုပ်ကိုင်နေရတဲ့  အငှားယာဉ်မောင်းတွေအနေနဲ့ အခက်အခဲတွေ့နေပြီး ဒီလို စက်သုးံဆီဈေး ဆက်လက်မြင့်တက်နေရင် ယာဉ်ပိုင်ရှင်တွေဆီ ကားပြန်အပ်တာတွေရှိလာနိုင်တယ်လို့ အငှားယာဉ်မောင်းတစ်ဦးကပြောပါတယ်။ပြည်တွင်းစက်သုးံဆီဈေးတွေဟာ မေလဆန်းကတည်းက စတင်ပြီး အကျဘက်မရှိပဲ ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အငှားယာဉ်မောင်းတွေအတွက် ဆီဈေးနှုန်းကြောင့် တွက်ချေကိုက်ဖို့အခေါက်ရေတိုးပြေးဆွဲနေရသလို  ပုံမှန်ဈေးထက် ပိုတောင်းရတာတွေရှိလာတဲ့အတွက် ခရီးသည်တွေနဲ့ဈေးစကားပြောရတာတွေရှိလာတယ်လို့လည်း ပြောပါတယ်။ 

လက်ရှိမှာ တွက်ချေကိုက်ဖို့ လမ်းကြောင်းတိုတွေကိုပဲ ဦးစားပေးပြေးဆွဲနေပြီး ယာဉ်ကြောပိတ်မယ့်လမ်းကြောင်းရှည်တွေကိုတော့ မပြေးဆွဲပေးနိုင်ပဲ လမ်းကြောင်းရွေးချယ်ရတာတွေ ရှိနေတယ်လို့ ပြောပါတယ် ။ပြည်တွင်းစက်သုးံဆီဈေးဟာ ကမ္ဘာ့ရေနံဈေးနဲ့ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ဈေးတက်လာတာဖြစ်ပြီး အခုလိုစက်သုးံဆီ ဈေးမြင့်တက်နေလို့ စက်သုးံဆီရောင်းချတဲ့ ဆိုင်တွေမှာလည်း အငှားယာဉ်မောင်းတွေနဲ့ဈေးနှုန်းကိစ္စ စကားပြောရတာတွေရှိလာတယ်လို့ သိရပါတယ်။သြဂုတ် (၁) ရက် ပြည်တွင်းစက်သုးံဆီဈေးတွေအနေနဲ့(92)တစ်လီတာကို ကျပ်(၉၀၀)၊ (95)တစ်လီတာကို ငွေကျပ်(၉၅၀)၊ ပရီမီယံဒီဇယ်တစ်လီတာကို(၉၄၀)၊ ဒီဇယ်ဆီအနေနဲ့(၉၂၅)အထိရှိနေတယ်လို့ သိရပါတယ်။

 

 

Related News