Myanmar FoodBev နဲ့ Myanmar Retail Sourcing Expo 2018 ကို သြဂုတ်လ (၁၇) ရက်ကနေ (၁၉)ရက်အထိ တပ်မတော်ခန်းမမှာပူးတွဲကျင်းပသွားမယ်လို့ သြဂုတ်လ (၂) ရက်က UMFCCI မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ ဒီပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊မြန်မာနိုင်ငံစားသောက်ဆိုင်များအသင်းနဲ့ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းတို့ပူးပေါင်းကျင်းပတာဖြစ်ပြီး ပြည်တွင်းနှင့် ထိုင်း၊စင်ကာပူ၊မလေးရှား၊တရုတ်၊ထိုင်ဝမ် တို့်မှ ကုန်အမှတ်တံဆိပ် (၄၀) ကျော်ရဲ့ စားသောက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာစားသောက်ဆိုင်များအသင်းမှ အစားအစာချက်ပြုတ်မှုနည်းလမ်းများ၊ကော့တေးဖျော်စပ်နည်းများ၊လက်ရှိအောင်မြင်နေတဲ့ စားသောက်ဆိုင် အုပ်ချုပ်သူများရဲ့ ဆွေးနွေးဟောပြောပွဲများကိုထည့်သွင်းသွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှလည်း လက်လီရောင်းချမှု၊ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုစတဲ့ခေါင်းစဉ်တွေနဲ့ ဟောပြောပွဲတွေအပြင် နည်းစနစ်ကျသော စားသောက်ကုန်ပစ္စည်းခင်းကျင်းမှုပုံစံများကို လက်တွေ့ပြသသွားမယ်လို့သိရပါတယ်။Myanmar FoodBevကိုတော့ ပဉ္စမအကြိမ်မြောက်အဖြစ်ကျင်းပမှာဖြစ်ပြီး Myanmar Retail Sourcing Expo 2018 ကိုတော့ တတိယအကြိမ်မြောက်အဖြစ်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News