မိုးရာသီကာလအတွင်း ဆန်ဈေးကွက်အခြေအနေဟာ အရောင်းအ၀ယ်အေးလျက်ရှိတယ်လို့ ၀ါးတန်းလမ်းကုန်စည်ဒိုင် မှ ဥက္ကဋ္ဌဦးခင်မောင်ဝင်းကပြောပါတယ်။ ယဉ်ယဉ်မွန်ကဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။
ကျောင်းဖွင့်ရာသီဇွန်လပိုင်းကစပြီး အရောင်းအ၀ယ်အေးနေတဲ့ ဆန်းဈေးကွက်ဟာ ယခုရက်ပိုင်းအတွင်းမှာလဲ အရောင်းအ၀ယ်တွေဆက်လက်အေးလျက်ရှိနေပါတယ်။ ဆန်ချောဝယ်လိုအား အနည်းငယ်ရှိပေမယ့် ဆန်ကြမ်းဝယ်ယူမှုကတော့ သိသိသာသာကျဆင်းနေတယ်လို့ပြောပါတယ်။ ဒါ့အပြင် ယခုအချိန်ဟာ စပါးသစ်မပေါ်သေးတာကြောင့် ဆန်ချောဈေးနှုန်းဟာ အနည်းငယ်တက်နေမယ့် စပါးသစ်ပေါ်ချိန်ဆိုရင်တော့ ဆန်ချောဈေးနှုန်းအနည်းငယ်ကျဆင်းမယ်လို့ ပြောပါတယ်။

မိုးတွင်းကာလဖြစ်တာကြောင့် ဆန်တွေဟာ အထားမခံတဲ့အတွက် ၀ယ်ယူသူတွေအနေနဲ့လည်း အများကြီးဝယ်ယူတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဆန်ကြမ်းကိုလည်း ပြည်ပတင်ပို့မှုရပ်တန့်ထားတာကြောင့် ဆန်ကြမ်းဈေးကွက်ဟာ အရောင်းအ၀ယ်အေးရတာဖြစ်တယ်လို့ပြောပါတယ်။လက်ရှိမှတော့ ဆန်ချောဈေးအနေနဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ငါးသောင်းဝန်းကျင် ရွှေဘိုဆန်တစ်အိတ်ကိုတော့ ငွေကျပ် ငါးသောင်းငါးထောင်ကနေ ငါးသောင်းကိုထောင် ၀န်းကျင်ပေါက်ဈေးရှိတယ်လို့သိရပါတယ်။

 

 

 

Related News