လူငယ်တွေအနေနဲ့ အလုပ်အကိုင်တွေကိုရှာဖွေရာမှာတော့ ကိုယ်ပိုင်လုပ်ငန်း ကိုယ်ပိုင်အလုပ်လုပ်ကိုင်လိုသူတွေက ပိုမိုများပြားလာပါတယ်။ ဒီလိုကိုယ်ပိုင်လုပ်ငန်းတွေထဲမှာတော့ ဓာတ်ပုံရိုက်ကူးပြီး အသက်မွေးကျောင်းပြုလုပ်လုပ်ငန်း ဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ကိုပြည့်ဖြိုးသက်ပိုင်ကတော့ ၂၀၁၁ ခုနှစ်ကတည်းက ဓာတ်ပုံပညာကိုလေ့လာခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ဓာတ်ပုံလောကထဲကို ဝင်ရောက်ကာ ဓာတ်ပုံစတင်ရိုက်ကူးခဲ့ဖြစ်တာ ဖြစ်ပါတယ်။ အလှဓာတ်ပုံတွေ ၊ Pre Wedding ပုံတွေရိုက်ကူးကြတာ များတဲ့ခေတ်မှာ ကိုပြည့်ဖြိုးသက်ပိုင်ကတော့ ရှုခင်းအလှဓာတ်ပုံတွေကိုသာရိုက်ကူးပြီး အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကာ သူရဲ့ အောင်မြင်မှုတွေကို အရယူနေတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ထွက်ပေါ်လာတဲ့ နည်းပညာပိုင်းတွေကလည်း ဓာတ်ပုံဆရာတွေအတွက် လေ့လာဖို့ ကောင်းတဲ့ ပညာရပ်တွေ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံကိုရိုက်ကူးရာမှာ ကိုယ်ပိုင်စိတ်ကူးအပြင် နည်းပညာရဲ့ ပံ့ပိုးမှုအပိုင်း ကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။

ကိုပြည့်ဖြိုးသက်ပိုင်လို နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွေအထိ ယှဉ်ပြိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်နေတဲ့ ဓာတ်ပုံဆရာ တွေရှိသလို ဝါသနာအရ ဓာတ်ပုံပညာကိုလေ့လာနေတဲ့ လူငယ်တွေအများကြီးရှိပါတယ်။ ဒီလိုလူငယ်တွေထဲမှာ  ကိုမျိုးသော် ကလည်း ဓာတ်ပုံပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ပြီး အောင်မြင်မှုပန်းတိုင်ကို  လျှောက်လှမ်းချင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဓာတ်ပုံရိုက်ကူးခြင်းကို လူတိုင်းနီးပါး စိတ်ဝင်စားလာကြပြီး အလှူမင်္ဂလာ ပွဲလမ်းသဘင်တွေအတွက် ရိုက်ကူးမှုတွေအပြင် အလှဓာတ်ပုံသီးသန့်ရိုက်ကူးလာကြတာကိုလည်းတွေ့ရပါတယ်။ ဓာတ်ပုံတွေဟာ လူတွေရဲ့ ဘ၀အတွက် အမှတ်တရအဖြစ် ကျန်ရှိနေတာကြောင့် လူတိုင်းဟာ ဓာတ်ပုံရိုက်ကူးခြင်းကို ခေတ်အဆက်ဆက် စိတ်ဝင်တစားပြုလုပ်လာကြတာလည်းဖြစ်ပါတယ်။

 

 

Related News