မြန်မာ့ရိုးရာမီးပုံးတွေဟာ တရုတ်မီးပုးံတွေနဲ့ဈေးကွက်ယှဉ်ပြိုင်နေရပြီး ရောင်းအားကျဆင်းနေတယ်လို့ သိရပါတယ်။ဝါကျွတ်ကာလရောက်ရှိလာတိုင်းမြန်မာလူမျိုးတွေရဲ့ချစ်စရာဓလေ့စရိုက်ဖြစ်တဲ့မီးထွန်းပွဲတော်ကိုကျင်းပကြပါတယ်။အဲဒီလိုမီးထွန်းပွဲတော်ကိုဆင်နွဲနိုင်ဖို့ရောင်စုံမီးပုးံလေးတွေကိုအလှဆင်ချိတ်ဆွဲကြပါတယ်။ကြည့်မြင်တိုင်အောက်လမ်းမှာရှိတဲ့(ကိုဝင်းမြင့်၊မခင်ရီ)မိသားစုဟာမီးပုးံတွေကိုဘိုးစဉ်ဘောင်ဆက်ကတည်းက မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ မြန်မာ့ရိုးရာ လက်လုပ်ရောင်စုံ မီးပုးံလေးတွေကိုပြုလုပ်လာတာနှစ်ပေါင်း(၃၀)ကျော်ရှိနေပါပြီ။ ဒီနှစ်မှာလည်း ၀ါကျွတ်ကာလအတွက် မီးပုးံတွေကိုကြိုတင် ပြုလုပ်ရောင်းချနေပေမယ့် မြန်မာ့ရိုးရာမီးပုးံလေးတွေဟာ တရုတ်မီးပုးံတွေနဲ့ဈေးကွက် ယှဉ်ပြိုင်နိုင်မှုမရှိလို့ ရောင်းအား ကျဆင်းနေတယ်လို့ သိရပါတယ်။မြန်မာ့ရိုးရာရောင်စုံလက်လုပ်မီးပုးံပြုလုပ်ဖို့ဝါးကိုပုံစံဖော်ပြီးမှန်ကြည်ဆီစိမ်စက္ကူလိုအပ်ပါတယ်။အဲဒီလိုပြုလုပ်ပြီးကိုယ်လိုချင်တဲ့ပုံစံအကြီးအသေးပုံစံပြုလုပ်ရတာပါ။မီးပုးံပြုလုပ်နိုင်ဖို့အလုပ်သမား(၅ဦးခန့်လိုအပ်တယ်လို့သိရပါတယ်။ ဒီပွင့်လင်းရာသီ ကာလမတိုင်မီလတွေကတော့ မီးပုံးလုပ်သားတွေအတွက်တွက်ချေကိုက်တဲ့လဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာရောင်စုံလက်လုပ်မီးပုးံလေးတွေကိုကလေးလက်တွန်းလှည်းမီးပုးံ၊နေအိမ်တွေမှာအလှဆင်ချိတ်ဆွဲရတဲ့မီးပုံးဆိုပြီးခွဲခြားထားပါတယ်။ကလေးလက်တွန်းလှည်းမီးပုးံတွေကိုတော့ယုန်၊ကြက်၊ဂျိုကာ၊ကား၊ရှဉ့်၊ကြွက်ကလေးစတဲ့ပုံစံလေးတွေပြုလုပ်ရောင်းချကြပါတယ်။အလှဆင်တဲ့မီးပုးံတွေကိုတော့ဘန်ဒါရွက်၊ကြယ်၊ဘီလူးမမျက်ကွင်း၊ကြာပွင့်နှစ်ထပ်၊ကြာပွင့်သုးံထပ်၊ဆိုပြီးမီးပုးံအမျိုးအစား(၂၀)ခန့်ခွဲခြားထားပြီ့းဈေးနူန်းအနေနဲ့ငွေကျပ်(၁၀၀၀)ကနေငွေကျပ်(၅)သောင်းအထိဈေးရှိတယ်လို့ သိရပါတယ်။ အလှဆင်တဲ့မီးပုးံတွေထဲကကြယ်ပုံစံလေးတွေကို လူကြိုက်များပြီး ကလေးမီးပုးံတွေထဲမှာတော့ ယုန်ပုံစံလေးတွေကို လူကြိုက်များတယ်လို့ သိရပါတယ်။အခုနောက်ပိုင်းမှာတော့ မီးပုးံပြုလုပ်တဲ့ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာပြီးလက်ရှိမှာတော့ ကုမ္ပဏီဖွင့်ပွဲတွေ အတွက် အလှမီးပုံးတွေကို အော်ဒါမှာယူမှုတွေများပြားတယ်လို့ သိရပါတယ်။

 

 

Related News