ယခုတစ်ပတ် မန္တလေးပဲဈေးကွက်မှာ ပဲမျိုးစုံအရောင်းအဝယ်အေးနေတယ်လို့ မန္တလေးကုန်စည်ဒိုင်က သိရပါတယ်။ အောက်တိုဘာလ(၆)ရက် မန္တလေးပဲဈေးကွက်မှာ ပဲအမျိုးအစားအတော်များများဈေးအတက်အကျမရှိပဲ အရောင်းအဝယ် အေးနေ တယ်လို့ သိရပါတယ်။

ယူနန်ဘက်က ဝယ်ယူနေတဲ့ပဲတီစိမ်းနဲ့ မြေပဲလုံးဆန် ပဲအမျိုးအစားတွေက အဟောင်းကုန် သွားပြီဖြစ်ပြီး မြေပဲလုံးဆန်အသစ်တွေမှာတော့ အစိုဓါတ်ကျန်ပြီး မခြောက်သေးတာကြောင့် အဝယ်နည်းနေတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့တဲ့ ထိုင်ဝမ်၊V2၊929ကုလားပဲအမျိုးအစားတွေက ဈေးနှုန်းအေးနေသလို ပဲစင်းငုံကလည်း သုံးတင်းဝင် တစ်အိတ်ကို၄၂၀၀၀ကျပ်နဲ့အတက်အကျမရှိဘူးလို့ သိရပါတယ်။ 

ယခုတစ်ပတ် မန္တလေးပဲဈေးကွက်မှာ မတ်ပဲတစ်မျိုးသာဈေးအတက်ရှိပြီး သုံးတင်းဝင်တစ်အိတ်ကို ပြီးခဲ့တဲ့ လ က ကျပ်လေးသောင်းကျော်မှ လက်ရှိ ငါးသောင်း သုံးထောင်ကျပ်ဝန်းကျင်ထိ ဈေးတက်နေတယ်လို့ သိရပါတယ်။မန္တလေးမှာ ပြည်တွင်းသုံးပဲတွေက လက်ကျန်နည်းပါးနေပြီလို့လည်း ပြောပါတယ်။ ပြည်တွင်းသုံးပဲတွေထဲက စတော်ပဲ၊ ပဲနီပြား၊ ထောပတ်ပဲ၊ပဲကြီးစတဲ့ပဲအမျိုးအစားတွေက အတက်ဈေးမရှိဘူးလို့ သိရပါတယ်။

ယခုနှစ်အတွက် ပဲရာသီကုန်တော့ မယ့် အချိန်ဖြစ်တာကြောင့် လာမယ့်အပတ်အထိကတော့ ပဲမျိုးစုံဈေးတွေ အတက်အကျ သိပ်မထူးခြားနိုင်သေးဘူးလို့ သုးံသပ်ထားပါတယ်။လာမယ့်နှစ် ပဲစိုက်ပျိုးဖို့ရာအတွက်မန္တလေးကနေဗန်းမော်အထိ ဧရာဝတီမြစ်ရိုးတစ်လျှောက်တောင်သူတွေက မကြာမီ စိုက်ပျိုးဖို့ မျိုးပဲတွေပြင်ဆင်ရတော့မယ်လို့လည်း ဆိုပါတယ်။ တောင်သူတွေ ပြည်တွင်းသုံးပဲစိုက်ပျိုးဖို့်  မျိုးပဲတွေက လုံလောက်မှုရှိပေမယ့် မြေပဲမျိုးကိုတော့ ဈေးအမြင့်နဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။

 

 

Related News