Myanmar International Furniture Expo 2018  ပြပွဲကို အောက်တိုဘာလ(၁၁)ရက်ကနေ (၁၄)ရက်အထိ (၄)ရက်ကြာ တပ်မတော်ခန်းမမှာပြုလုပ်လျက်ရှိပါတယ်။Myanmar International Furniture Expo 2018  ပြပွဲကို မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် သစ်အခြေခံပရိဘောဂ လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းပြုလုပ်ကျင်းပတာဖြစ်ပါတယ်။ပြပွဲကိုတော့ ကြိမ်နဲ့ ၀ါးပစ္စည်းတွေ၊ပရိဘောဂပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ အလွယ်တကူ ၀ယ်ယူနိုင်စေဖို့၊ပြည်တွင်းဈေးကွက်အားပြုသော ပရိဘောဂဈေးကွက်ထက် နိုင်ငံတကာအဆင့်မီ ပရိဘောဂပြပွဲအဆင့် ပေါ်ထွန်းလာစေဖို့၊နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး နည်းပညာနဲ့လုပ်ထုံးလုပ်နည်းစနစ်တွေ တိုးတက်လာအောင် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့  မြန်မာနိုင်ငံကြိမ်နှင့် ၀ါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က ပြောပါတယ်။

Myanmar International Furniture Expo  2018 ပြပွဲမှာတော့  ကုမ္ပဏီပေါင်း (၅၀)ကျော် မှ ပြခန်းပေါင်း(၁၇၄)ခန်း ပါဝင်ပြသရောင်းချနေတာဖြစ်ပါတယ်။ဒါ့အပြင် အခုနှစ်မှာတော့ အရင်နှစ်တွေကထက် ဆိုင်ခန်းတွေ ပိုမိုလာရောက်ပြသကြတယ်လို့လည်း သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဥာဏ်ဝင်း က ပြောပါတယ်။

ပြပွဲမှာတော့ သစ်သားနဲ့ ပြုလုပ်ထားတဲ့  ဇွန်း ၊ ဘီး ၊ နှိပ်ဘုများ ၊ အိမ်သုံးပရိဘောဂများ ၊ ဘုရားပုလ္လင် တော်များ ၊ မီးခံသေတ္တာများ ၊ ကျွန်း ၊ ပိတောက် ၊ ပျဉ်းကတိုးများနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံများ  စတာတွေကို ပြသရောင်းချနေတာဖြစ်ပါတယ်။Myanmar International Furniture Expo ပြပွဲကို (၂၀၁၅)ခုနှစ်ကတည်းကစတင်ပြီး တစ်နှစ်ကို နှစ်ကြိမ်ပြုလုပ်လေ့ရှိတာဖြစ်ပြီး ယခုကျင်းပပြုလုပ်တာဟာ (၈)ကြိမ်မြောက်ဖြစ်ပါတယ်။ 

 

 

Related News