မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း (MDA)မှကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ် အိမ်ရာ အရောင်းပြပွဲကို အောက်တိုဘာလ (၁၆)ရက်မှ (၁၈)ရက်အထိရန်ကုန်မြို့ ပါရမီလမ်းရှိ Mingalar Parami Business Center မှာ ကျင်းပနေပါတယ်။ အခုအိမ်ရာပြပွဲမှာ  ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကနေ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပြီး အိမ်ယာ ဆောက်လုပ်ရေးကုမ္ပဏီ (၁၁)ခုက လာရောက်ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။ ငွေကျပ် သိန်း (၂၀၀)ကနေ ကျပ်သိန်း (၇၀၀၀) တန်းဖိုရှိ တိုက်ခန်း၊ကွန်ဒို၊လုံးချင်းအိမ်ရာနှင့် အဆင့်မြင့်ကွန်ဒို စုစုပေါင်း (၂၀၀၀) ဝန်းကျင်အထိ ပြသရောင်းချပေးသွားမှာလို့ သိရပါတယ်။ ပြပွဲမှာ ပြသထားတဲ့ တိုက်ခန်းနှင့် အိမ်ယာတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အိမ်ရာချေးငွေ (၁၅)နှစ်ပေးသွင်းပြီး ၀ယ်ယူနိုင်သလို အိမ်ယာရောင်းချတဲ့ကုမ္ပဏီတွေကလည်း (၂)နှစ်ကနေ (၁၅)နှစ်အထိအရစ်ကျနဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။

အခုပြသရောင်းချတဲ့တိုက်ခန်း၊ ကွန်ဒိုတွေကို အလွှာပေါင်းစုံက ၀ယ်ယူလိုသူတွေ ၀ယ်ယူနိုင်အောင်လည်း ဆောင်ရွက်ပေးထားသလို အထူးအစီအစဉ်တွေလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ပြသရောင်းချတဲ့ အိမ်ရာနှင့် တိုက်ခန်းတွေကို ရန်ကုန်မြို့ နေရာစုံမှာ တည်ဆောက်ထားတာကြောင့် ဝယ်ယူသူတွေ စိတ်ကြိုက် မြို့နယ်တွေကို ရွေးချယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ 

မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း (MDA)အသင်းအနေနဲ့ အခုကျင်းပတဲ့ အိမ်ယာပြပွဲကို အသင်းဖွဲ့စည်းပြီး ဒုတိယအကြိမ်အဖြစ်ကျင်းပတာဖြစ်ပြီး နောက်ပိုင်းမှာလည်း အခုလို အိမ်ရာပြပွဲတွေကို (၄၅)ရက် တစ်ကြိမ်ကျင်းပသွားမယ်လို့သိရပါတယ်။

 

 

Related News