မြန်မာနိုင်ငံကော်ဖီအသင်းကဦးစီးပြီး ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ ကော်ဖီပွဲတော်ကို နိုဝင်ဘာလ(၂၀)ရက်မှ (၂၂)ရက်ထိ ရန်ကုန်မြို့ ပြည့်သူရင်ပြင်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာကော်ဖီကို သောက်သုံးသူ ပိုမိုများပြားလာစေရန်၊အရည်အသွေးမြင့် ကော်ဖီကို ပြည်သူတွေပိုမိုစိတ်ဝင်စားလာစေရန်နဲ့ မြန်မာ့ကော်ဖီလောက ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကော်ဖီပွဲတော်မှာတော့  နိုင်ငံကျော်တေးသံရှင်တွေဖြစ်ကြတဲ့ Jewel ၊ ဘန်နီဖြိုး၊ ဖြိုးပြည့်စုံ အစရှိတဲ့ တေးသံရှင်များကလည်း ပွဲတော်ရက်အတွင်းမှာ တေးသီးချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်သလို ကော်ဖီသောက်ဂိမ်းပြိုင်ပွဲ၊ ကော်ဖီဖျော်ပြိုင်ပွဲတွေလည်းပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင်  ပန်းချီဆရာ ကိုအောင်မြတ်ဌေးကလည်း သူရဲ့အနုပညာတစ်ရပ်ဖြစ်တဲ့ ပန်းချီပညာနဲ့ကော်ဖီပွဲတော်ပေါင်းစပ်ပြီး ကော်ဖီနဲ့ ပန်းချီရေးဆွဲပြသခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ကော်ဖီပွဲတော်မှာ ကော်ဖီဆိုင်အပြင်၊ ၊အ၀တ်အထည်ဆိုင်၊ အစားအသောက်ဆိုင်အစရှိတဲ့ ဆိုင်ခန်းပေါင်း(၁၀၀)ပါဝင်ပြသရောင်းချခဲ့တာပါ။ပြပွဲမှာ ရောင်းချတဲ့ ကော်ဖီတွေကိုတော့  အနိမ့်ဆုံး ငွေကျပ် (၂၀၀၀)ကျပ်မှ အများဆုံးငွေကျပ် (၇၀၀၀)ကျပ်ထိ ရောင်းချခဲ့တာဖြစ်ပါတယ်။ သော်တာဝင်းကပေးပို့ထားတာဖြစ်ပါတယ်။

 

 

Related News