ဈေးကွက်အတွင်းရောင်းချနေတဲ့အခြေခံစားသောက်ကုန်အချို့နဲ့အိမ်ရှင်မတွေ အားထားဝယ်ယူနေရတဲ့အသား၊ ငါးတွေ ရောင်းအား ကျဆင်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာရောင်းချနေတဲ့     အိမ်ရှင်မတွေအားထားဝယ်ယူနေတဲ့ အခြေခံစားသောက်ကုန်တွေထဲက အချို့စား သောက်ကုန်တွေဟာ ဈေးနှုန်းတွေကျဆင်းနေပါတယ်။

အခြေခံစားသောက်ကုန်တွေထဲကကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးစတဲ့ စားသောက်ကုန်တွေကဈေးမတက်ပေမယ့် အခြားစားသောက်ကုန်တွေဖြစ်တဲ့ဆီဈေးတွေတော့ ကျဆင်းနေ တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်အခုလိုကာလမှာပွဲတော်ရာသီဖြစ်တာကြောင့်အခြေခံစားသောက်ကုန်တွေဈေးမြင့်တက်ခဲ့ပြီးရောင်းအားကောင်းခဲ့ပေမယ့်အခုအချိန်မှာတော့ဈေးမတက်ပေမယ့်ရောင်းအားကျဆင်းနေတယ်လို့အခြေခံစားသောက်ကုန် ရောင်းချသူမ ခင်ယုလွင်က ပြောပါတယ်။

ဈေးကွက်အတွင်းမှာရောင်းချနေတဲ့အခြေခံစားသောက်ကုန်တွေထဲမှာအာလူးတစ်ပိသာကို(၁၃၀၀)ရှိနေပါတယ်။ပဲဆီဈေးကတော့အရင်ငွေကျပ်(၃၈၀၀)ကနေ(၃၉၀၀)အထိအနည်းငယ်မြင့်တက်သွားပြီးစားအုန်းဆီဈေးကတော့အရင်ငွေကျပ်(၁၈၀၀)ကနေ(၁၇၀၀)အထိကျဆင်းသွားပါတယ်။ကြက်သွန်နီတစ်ပိသာကိုငွေကျပ်(၁၅၀၀)ရှိပြီးကြက်သွန်ဖြူကတော့(၁၈၀၀)ရှိနေပြီးဈေးမတက်ဘူးလို့သိရပါတယ်။

အခုလိုဈေးနူန်းတွေကျဆင်းနေပြီးရောင်းအားတက်မလာတဲ့အတွက်ကုန်ခြောက်တွေလှောင်ထားရတဲ့အခက်အခဲတွေရှိနေတယ်လို့အခြေခံစားသောက်ကုန်ရောင်းချသူမဇင်ဇင်ရွှေကပြောပါတယ်။အိမ်ရှင်မတွေနေ့စဉ်အားထားဝယ်ယူနေရတဲ့အသား၊ငါးတွေကတော့ ဈေးမြင့်တက်မှုမရှိပေမယ့်ရောင်းအားတွေကတော့ ထက်ဝက်ခန့်အထိကျဆင်းနေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကြက်သားတစ်ပိသာကို(၆၀၀၀)ကျပ်ရှိနေပြီး ပုဇွန် တစ်ပိသာကို(၁၁၀၀၀)ကျပ်ရှိနေပါတယ်။ ကင်းမွန်ကတော့တစ်ပိသာကို(၇၀၀၀)ရှိနေပြီးပုံမှန်ဈေးအတိုင်း ရောင်းချနေ တယ်လို့ မအေးအေးသန်းက ပြောပါတယ်။အခုလိုအခြေခံစားသောက်ကုန်ဈေးနှုန်းတွေနဲ့သား၊ ငါးဈေးတွေမတက်တာကြောင့် နေ့စဉ်မိသားစုအတွက် ၀ယ်ယူသူတွေ အတွက် အများကြီးအဆင်ပြေတယ်လို့အိမ်ရှင်မတစ်ဦးဖြစ်သူဒေါ်စန်းစန်းနွဲ့က ပြောပါတယ်။အခြေခံစားသောက်ကုန်တွေနဲ့သား၊ငါးရောင်းအားတွေကျဆင်းနေတဲ့အတွက်ပုံမှန်ဖောက်သည်တွေကိုပဲအဓိကထားရောင်းချနေတယ်လို့သိရပါတယ်။

 

 

Related News