ပရိဘောဂပစ္စည်းဈေးကွက်ဟာ ယခု(၂၀၁၈)ခုနှစ်အတွင်းမှာ အရောင်းအ၀ယ်အေးနေတယ်လို့ ဒီဇင်ဘာလ(၆)ရက်က တပ်မတော်ခန်းမမှာပြုလုပ်နေတဲ့ Myanmar International Furniture (2018) ပြပွဲက သိရပါတယ်။မြန်မာနိုင်ငံရဲ့ ပရိဘောဂပစ္စည်းဈေးကွက်ဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် အခု(၂၀၁၈)ခုနှစ်မှာ  အရောင်းအ၀ယ်အေးနေတယ်လို့သိရပါတယ်။ ပရိဘောဂပစ္စည်းတွေ အရောင်းအ၀ယ်အေးနေတာဟာ ဆောက်လုပ်ရေးနဲ့ အိမ်ရာလုပ်ငန်းတွေ အရောင်းအ၀ယ်အေးနေတာကြောင့်  ပရိဘောဂပစ္စည်းဈေးကွက် ကလည်း အရောင်းအေးနေတယ်လို့ သိရပါတယ်။ဒါ့ကြောင့် ပရိဘောဂပစ္စည်းတွေ ရောင်းအားပြန်လည်တက်လာဖို့အတွက် အခုလိုပရိဘောဂပစ္စည်းအရောင်းပြပွဲတွေ အများဆုံး ပြုလုပ်ဖို့လိုအပ်တယ်လို့ သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူကအခုလိုပြောပါတယ်။

ပရိဘောဂပစ္စည်းတွေကို လူကြိုက်များပြီး ရောင်းအားပြန်လည်ကောင်းမွန်လာဖို့အတွက် သစ်အစားထိုး သစ်အခြေခံပရိဘောဂပစ္စည်းတွေကို အစားထိုးပြီး တန်ဖိုးမြင့် ပစ္စည်းအဖြစ် ဈေးကွက်ရရှိလာအောင် လုပ်ဆောင်နေတယ်လို့ သစ်အခြေခံစက်မှုလုပ်ငန်းဌာနက တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။ယခုပြုလုပ်နေတဲ့ Myanmar International Furniture (2018) ပြပွဲကို မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနဲ့ သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ ပြပွဲမှာ ပရိဘောဂဆိုင်ခန်းပေါင်း (၁၆၀)ကျော်ပါဝင်ပြသရောင်းချနေတာဖြစ်ပြီး ဒီပြပွဲကို ဒီဇင်ဘာ(၆)ရက်ကနေ ဒီဇင်ဘာ (၉)ရက်အထိတပ်မတော်ခန်းမမှာ ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News