မြန်မာနိုင်ငံရဲ့မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ လမ်းညွှန်မှုနဲ့ပြုလုပ်တဲ့  မွေးမြူရေးဆိုင်ရာ ဆေးဝါးနဲ့အစာထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲကို ဒီဇင်ဘာလ (၆)ရက်မှ(၈)ရက်အထိ ရန်ကုန်မြို့ မင်းနန္ဒာလမ်းမှာရှိတဲ့ MyanmarExpo Hall မှာပြုလုပ်နေတာဖြစ်ပါတယ်။ပြပွဲမှာ မြန်မာ့လယ်ယာသုံးပစ္စည်း တွေနဲ့အတူ အမေရိကန်၊ပြင်သစ်၊အီတလီ၊ဂျာမဏီ၊နယ်သာလန်၊အိန္ဒိယ၊တရုတ်၊မလေးရှား၊ဗီယက်နမ်၊ကိုရီးယား အစရှိတဲ့ နိုင်ငံပေါင်း(၁၈)နိုင်ငံ က ကုမ္ပဏီပေါင်း(၂၀၀) ကျော်တို့က ပါဝင်ပြသ ထားတာဖြစ်ပါတယ်။

ပြပွဲမှာ မွေးမြူရေးခြံနဲ့ ဆက်စပ်ပစ္စည်းများ၊ မွေးမြူရေးအစာနဲ့မျိုးစေ့များ၊ သိုလှောင်ရန်ပစ္စည်းများ၊ အစာကြိတ်စက်နဲ့အစာထုတ်လုပ်မှုဆိုင်ရာပစ္စည်းများ၊ မွေးမြူရေးဆိုင်ရာ ဆေးဝါးများ၊ မွေးမြူရေးအစာပါဝင်ပစ္စည်း နဲ့ ဖြည့်စွက်ပစ္စည်းများကို ပြသထားတဲ့အပြင် မွေးမြူရေးဆိုင်ရာ ဆေးဝါးနဲ့တိရစ္ဆာန်အစာထုတ်လုပ်မှု နည်းပညာဟောပြောပွဲတွေ လည်းပါဝင်တယ်လို့ သိရပါတယ်။အခုပြုလုပ်နေတဲ့ မွေးမြူရေးဆိုင်ရာ ဆေးဝါးနဲ့အစာ ထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ က (၆)ကြိမ်မြောက်ပြုလုပ်နေတာဖြစ်ပြီး စိတ်ပါဝင်သူများက အခမဲ့ဝင်ခွင့်လက်မှတ်များနဲ့ လာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။

 

 

Related News