မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ရန်ကုန်)ကို ပြည်တွင်းမှာသိရှိမှုနည်းနေသေးတာကြောင့် ထင်သလောက်ရောင်းအားမကောင်းဘူးလို့ ကျောက်မျက်ရတနာရောင်းဝယ်သူများက ပြောပါတယ်။

မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ရန်ကုန်)ကို (၂၀၁၄)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သက်တမ်း (၄)နှစ်ကိုရောက်ရှိခဲ့ပြီလို့သိရပါတယ်။ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ (ရန်ကုန်)မှာ ငွေကျပ်(၁၀၀၀)မှ သိန်းဂဏန်းထိရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ ငွေကျပ်(၅၀၀၀)မှ သိန်းချီရှိတဲ့ ပယင်းရတနာတွေကိုရောင်းချပေးနေတယ်လို့ သိရပါတယ်။ မြန်မာ့ကျောက်မျက်ရတနာခန်းမကို facebook page တွေကတစ်ဆင့်ကြော်ငြာတာတွေရှိပေမယ့် သိရှိသူနည်းပါးနေသေးတာကြောင့် လာရောက်ဝယ်ယူသူ ထင်သလောက်မများဘူးလို့ ရောင်းချသူတစ်ဦးဖြစ်တဲ့ မိုးကုတ်ဦးသန်းမောင်က ပြောပါတယ်။

လက်ရှိအချိန်ကတော့ ပွင့်လင်းရာသီကိုရောက်ရှိပြီဖြစ်တာကြောင့် မိုးတွင်းကာလလိုတော့သိသိသာသာ ရောင်းအားမကျဘူးလို့သိရပါတယ်။ ပွင့်လင်းရာသီမှာတော့ မိုးကုတ်ပတ္တမြား ၊နီလာနဲ့ အဆင့်နိမ့်ကျောက်တွေက ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပွဲတက်အတွက် ၀တ်ဆင်တဲ့ ပွဲတက်လက်ဝတ်ရတနာတွေလည်း ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ရန်ကုန်)ကို လာရောက်ဝယ်ယူတဲ့ ဒေါ်သီတာထူးကလည်း လူမှုကွန်ရက်စာမျက်နှာမှာ တွေ့တာကြောင့် လာရောက်ဝယ်ယူဖြစ်တယ်လို့ အခုလိုပြောပါတယ်။ပြည်ပက၀ယ်ယူမှုတွေအနေနဲ့ ကျောက်မျက်ရတနာများကို အရှေ့တောင်အာရှနိုင်ငံတွေကလာရောက်ဝယ်ယူတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

 

 

Related News