လက်လီဈေးကွက်မှာ ဆန်ဝယ်လိုအားနည်းနေတဲ့အတွက် လက်ကားရောင်းချသူတွေစီမှာလည်း ဆန်အရောင်းအ၀ယ် အေးနေ တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆန်ဈေးကွက် ပုံမှန်ပြန်ဖြစ်လာဖို့ ဆန်ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

၂၀၁၈ ခုနှစ်မကုန်ခင်ကတည်းက ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်ပုံမှန်နဲ့သာလည်ပတ်နေရပြီး ယခု(၂၀၁၉)ခုနှစ်မှာတော့ ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်လုံးဝအေးနေတယ်လို့ သိရပါတယ်။ ဒါဟာ လက်လီဈေးကွက်မှာ ၀ယ်လိုအား နည်းနေသလို ပြည်ပပို့ကုန်တင်ပို့ခွင့်မရှိတာကလည်း ဆန်ဈေးကွက်အရောင်းအ၀ယ်အေးခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်နေတယ်လို့ ဆန်စပါး ကုန်စည်ဒိုင်(၀ါးတန်း)ဥက္ကဋ္ဌဦးခင်မောင်ဝင်းက ပြောပါတယ်။

စပါးသစ်ပေါ်လာရင်တော့ ဆန်ဈေးကွက်မှာရောင်းအ၀ယ်ပြန်ကောင်းလာနိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်နေကြပါ တယ်။  ဆန်ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေပေမယ့် ဆန်ဈေးနှုန်း ကျဆင်းလာမှုမရှိဘူးလို့   ဆန်အကျိုးတော်တွေဖြစ်တဲ့ ကိုဇော်ဝင်းခိုင်နဲ့ ဒေါ်လှမြင့်က အခုလိုပြောပါတယ်။

လက်ရှိမှာ ဆန်ချောဈေးနှုန်းအနေနဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို လေးသောင်းသုံးထောင်ဝန်းကျင် ဖျာပုံပေါ်ဆန်း တစ်အိတ် ကို သုံးသောင်းရှစ်ထောင်ဝန်းကျင် ဘိုကလေးပေါ်ဆန်းတစ်အိတ်ကိုသုံးသောင်းနှစ်ထောင်ဝန်းကျင်ရှိပြီး  ဆန်ကြမ်းဈေးနှုန်း တွေကတော့ ရက်ကိုးဆယ် အသစ် နှစ်သောင်းငါးထောင်ဝန်းကျင် သီးထပ်အသစ်ရှယ် နှစ်သောင်းတစ်ထောင်ဝန်းကျင်ရှိ တယ်လို့ သိရပါတယ်။         

 

             

Related News