ကုန်စည်ထွက်ရှိမှုများလာတာကြောင့် အဝေးပြေးကုန်စည်ပို့ဆောင်မှု တန်ဆာခဈေးများတက်လာတယ်လို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ဖေဖဖော်ဝါရီလလယ်က စပြီး ကုန်စည်ထွက်ရှိမှုများ လာတာကြောင့် မြန်မာပြည်အနှံ့အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဂိတ် တွေမှာ ကားတွေရှားလာတယ်လို့သိရပါတယ်။ဒါ့ကြောင့် တန်ဆာခဈေးတွေ တက်လာပြီး အရင်က မူဆယ်ကို စင်လုံးငှားယာဉ် အတွက် တစ်တန်ကို ငွေကျပ် (၅၈၀၀၀)ပေါက်ဈေးရှိရာကနေ ငွေကျပ်(၆၀၀၀၀)မှ (၇၀၀၀၀)ထိပေါက်ဈေးရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် မူဆယ်ကို ဖရဲတင်ပို့ခကလည်း အရင်က (၁၂)ဘီးယာဉ်တစ်စီးကို (၁၆)သိန်းရှိရာကနေ လက်ရှိမှာ (၁၇)သိန်းထိဈေးရှိလာတယ်လို့သိရပါတယ်။

အခုလို တန်ဆာခဈေးတွေတက်လာတာက ရန်ကုန်ကနေ ကတ္တရာ၊ သံချောင်း နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပိုမိုသယ် ဆောင် လာရပြီး စားသောက်ကုန်ပစ္စည်းဖြစ်တဲ့ ၊အချိုရည်နဲ့ အရက်၊ဘီယာတွေ ကိုလည်း ပိုမိုသယ်ဆောင်လာရတာကြောင့်လို့ သိရပါတယ်။ဒီလို ကုန်စည်ထွက်ရှိမှုများတာက အခု ပွင့်လင်းရာသီဖြစ်တာကြောင့် သင်္ကြန်ကာလပြီးတဲ့အထိ တန်ဆာခတွေတတ်လာနိုင်တယ်လို့ သိရပါတယ်။

မြ၀တီကို အရင်က စင်လုံးငှားယာဉ်အတွက် တစ်တန်ကို ငွေကျပ် (၂၂၀၀၀) ရှိရာကနေ အခု (၂၄၀၀၀)ထိဈေးရှိလာတယ်လို့ သိရပါတယ်။ အရင်ကမန္တလေးကိုသယ်ဆောင်ခကအနေနဲ့  စင်းလုံးငှားယာဉ်တစ်စင်းအတွက် တစ်တန်ကို ငွေကျပ် (၁၇၀၀၀)မှ (၁၈၀၀၀)အထိဈေးရှိပြီး အခု (၂၄၀၀၀)မှ (၂၅၀၀၀)ထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

 

 

Related News