ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာ ပြည်တွင်းရွှေဈေးဟာ  အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းကိုးသောင်း အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မတ်လ(၈)ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်း(၅)သောင်းကျော် ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

(၂၀၁၉)ခုနှစ် နှစ်စပိုင်းကစပြီး ကမ္ဘာ့ရွှေဈေးဟာ အမြင့်ပိုင်းမှာရှိနေတာဖြစ်ပါတယ်။ ပြည်တွင်းဒေါ်လာငွေလဲနှုန်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၃၀၀)နီးကျော်ရောက်ရှိခဲ့ပြီး မတ်လ(၈)ရက်မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၂၀၀)ကျော်ထိပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာရွှေဈေးပြည်လည်ကျဆင်းလာတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်း(၅)သောင်းအထိ ပြန်လည်ကျဆင်းလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကမ္ဘာရွှေဈေးပြန်လည်ကျဆင်း လာပေမယ့်လည်း ပြည်တွင်းရွှေအရောင်းအ၀ယ် ဈေးကွက်ကတော့ အရောင်းအ၀ယ်အေးနေတယ်လို့ ဦးထုံရွှေဆိုင်ကတာဝန်ရှိသူကပြောပါတယ်။

၂၀၁၉နှစ်စပိုင်းကတည်းက ကမ္ဘာ့ရွှေဈေးတက်နေတာကြောင့်ပြည်တွင်းရွှေအရောင်းအ၀ယ်ဈေးကွက် အခြေအနေကလည်း ပုံမှန်လောက်သာ ရှိနေတယ်လို့သိရပါတယ်။ ပြည်တွင်းရွှေဈေးဟာ လက်ရှိပြန်လည်ကျဆင်းလာတဲ့ ဈေးနှုန်းအတိုင်းငြိမ်နေမယ်ဆိုရင်တော့ ရွှေအရောင်းအ၀ယ်ပြန်လည်ကောင်းမွန်လာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မတ်လ(၈)ရက်နေ့အတွက် ပြည်တွင်းအခေါက်ရွှေဈေးက တစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းငါးသောင်းတစ်ထောင် ၊ ၁၅ပဲရည် တစ်ကျပ်သားကို ငွေကျပ် (၉)သိန်းရှစ်သောင်း နှစ်ထောင်ပေါက်ဈေးရှိပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၈၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

 

 

Related News