My Jobs.com.mm က ကြီးမှူးကျင်းပတဲ့ ပထမအကြိမ် Yangon Digital CV Job Fair 2019 အလုပ်အကိုင်ပြပွဲကို မတ်လ(၉)ရက်က အထက်ပန်းဆိုးတန်းလမ်းမရှိ  Rose Garden Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ သိရှိစေ ဖို့နဲ့ အလုပ်ရှာဖွေနေသူတွေအနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းရှိ အလုပ်အကိုင်တွေကို တွေ့ရှိပြီး အလုပ်လျှောက်ထားနိုင်စေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြပွဲမှာ အလုပ်လာရောက်လျှောက်ထားသူတွေ လွယ်ကူအဆင်ပြေစေဖို့အတွက် QR Code System နဲ့ အွန်လိုင်းကနေတစ်ဆင့် တိုက်ရိုက် အလုပ်လျှောက်ထားနိုင်အောင်စီစဉ်ပေးထားပြီး မိမိဖုန်းထဲမှာCV ရှိရုံနဲ့ အလုပ်များစွာကို တစ်နေရာထဲမှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် QR Code အသုံးပြုပြီး လျှောက်သူတွေသိရှိအောင် လျှေက်ထားပုံအဆင့်ဆင့်ကိုလည်း ပြပွဲမတိုင်ခင် My Job Facebook Page ကနေ ရှင်းလင်း ပြသပေးခဲ့တယ်လို့သိရပါတယ်။

Yangon Digital CV Job Fair 2019 ပြပွဲမှာတော့ ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ငန်းများ၊စားသောက်ကုန်ဆိုင်ရာ လုပ်ငန်းများ၊ကုန်ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းများ၊ကြော်ငြာပိုင်းဆိုင်ရာ လုပ်ငန်းများအစရှိတဲ့ ကုမ္ပဏီပေါင်း(၃၀)ကျော်မှ လစ်လပ်အလုပ်နေရာ(၅၀၀)ကျော် ခေါ်ယူသွား မယ်လို့သိရပါတယ်။

 

 

Related News