ချင်းလူမျိုးတွေရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ချင်းရိုးရာဂျပ်ခုတ်အထည်တွေကို ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားမှုတွေရှိနေတယ်လို့ သိရပါတယ်။ချင်းတိုင်းရင်းသူ မမေရီခင်ဟာ ချင်းရိုးရာဂျပ်ခုတ်ရက်တာကို လုပ်ကိုင်နေသူတစ်ဦးပါ။ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ ချင်းရိုးရာဂျပ်ခုတ်ရက်တာကို မိခင်ဖြစ်သူရဲ့ လက်ဆင့်ကမ်းသင်ကြားပေးမှုအရ တတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ ချင်းရိုးရာဂျပ်ခုတ်ရက်တာဟာ ချင်းလူမျိုးတွေဟာ မိမိတို့နေထိုင်ရာဒေသကနေ တခြားကို သွားရောက်ပြီး အ၀တ်အထည်ဝယ်ယူနိုင်ဖို့  လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် ချင်းတောင်ပေါ်မှာ ၀ါတွေကိုစိုက်ပျိုးပြီး အ၀တ်အထည်တွေကို ကိုယ်တိုင်ရက်လုပ် ၀တ်ဆင်ကြရာကနေ ဂျပ်ခုတ်ရက်တာ ခေတ်စားလာခဲ့တာပါ။

အဲဒီလိုအ၀တ်အထည်တွေကို ကိုယ်တိုင် ချုပ်လုပ်ဝတ်ဆင်ကြတဲ့အပြင် သားသမီးတွေကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ် သင်ကြားပေးခဲ့တာကြောင့် ချင်းလူမျိုးတွေဟာ ဂျပ်ခုတ်ရက်တာကို လူကြီးရောကလေးပါ တတ်မြောက်ကြတယ်လို့သိရပါတယ်။ လက်မှုပစ္စည်းဖြစ်တဲ့ ချင်းရိုးရာဂျပ်ခုတ်အထည်တွေကို ပြည်တွင်းရောပြည်ပနိုင်ငံတွေကပါ ၀ယ်ယူအားပေးမှုတွေရှိနေတယ်လို့ ချင်းရိုးရာဂျပ်ခုတ်ရက်လုပ်သူမမေရီခင်ကပြောပါတယ်။ချင်းရိုးရာဂျပ်ခုတ်ရက်ဖို့ အနည်းဆုးံလူနှစ်ဦးခန့်လိုအပ်ပြီး ချည်တွေကိုအထူအပါးညီအောင် အရင်ညှိရပါတယ်။ပြီးတဲ့အခါမှာတော့ အချောသတ်ခတ်ရတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ချင်းရိုးရာထမီ၊ ကုတ်အကျီင်္၊ စားပွဲခင်း၊ ဆိုဖာခင်း ၊လက်သုတ်ပ၀ါ ၊လွယ်အိတ်စတာတွေကို အများဆုးံရက်လုပ်နေရပြီး ဈေးနူန်းတွေအနေနဲ့ အနည်းဆုးံငွေကျပ်ရှစ်ထောင်ကနေ တစ်သောင်းကျော်အထိရှိတယ်လို့သိရပါတယ်။ အခုနောက်ပိုင်းမှာတော့ ချင်းလူမျိုးတွေရဲ့ ရိုးရာဂျပ်ခုတ်ရက်တာဟာ တစ်ဖြည်းဖြည်းတိမ်ကောလာတယ်လို့ ချင်းရိုးရာဂျပ်ခုတ်ရက်လုပ်သူ မမေရီခင်ကပြောပါတယ်။ချင်းလူမျိုးတွေဟာ အခုနောက်ပိုင်းမှာ တခြားစီးပွားရေးတွေကို ပြောင်းလဲလုပ်ကိုင်ကြတဲ့အတွက် ချင်းရိုးရာဂျပ်ခုတ်ရက်တဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူ နည်းပါးလာပြီး လက်ဆင့်ကမ်းပညာအမွေပေးမှုတွေလည်း နည်းပါးလာတယ်လို့ သိရပါတယ်။ဒါပေမယ့် သူကတော့ဝါသနာပါတဲ့အပြင် ချင်းရိုးရာဂျပ်ခုတ်ရက်တာ ပျောက်ကွယ်သွားမှာစိုးတဲ့အတွက်ဒီလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နေဦးမယ်လို့ မမေရီခင်ကပြောပါတယ်။

 

 

Related News