လာမယ့် ဧပြီလအတွင်းမှာ ပြည်တွင်းအခေါက်ရွှေဈေးဆက်လက်မြင့်တက်ဖွယ်ရှိနေတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကျော်ဝင်းက သုံးသပ်ထားပါတယ်။အခုမတ်လမှာ ကမ္ဘာ့ရွှေဈေးအတက်အကျ မတည်မငြိမ်ဖြစ်နေပြီး မတ်လ(၂၁)ရက်က ကမ္ဘာ့ရွှေဈေး ရုတ်တရက်ပြန်လည်ကျဆင်းလာခဲ့တယ်လို့သိရပါတယ်။ ကမ္ဘာ့ရွှေဈေး ရုတ်တရတ် ပြန်လည်ကျဆင်း လာပေမယ့်လည်း ပြည်တွင်းရွှေဈေးကတော့ အနည်းငယ်သာကျဆင်းနိုင်ပြီး သင်္ကြန်ကာလပြီးရင် ပြည်တွင်းအခေါက် ရွှေဈေးဆက်လက်မြင့်တက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက အခုလိုပြောပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်က ပြည်တွင်းရွှေဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းခုနှစ်သောင်းအထိ ဈေးတက်ခဲ့ပြီး ယခုရွှေဈေးပြန်လည်ကျဆင်းလာတဲ့ အခါမှာတော့ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို (၁၀)သိန်း (၆)သောင်းကျော်ကိုပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ ရွှေဈေးတက်နိုင်မယ့် အနေအထားရှိနေတာကြောင့် ရွှေဝယ်ယူစုဆောင်းသူတွေအနေနဲ့ ယခုလက်ရှိအချိန်ဟာ ရွှေဝယ်ယူစုဆောင်းဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဝင်းက ခန့်မှန်းထားပါတယ်။မတ်လ(၂၂)ရက်အတွက် ပြည်တွင်းအခေါက်အရွှေဈေးက တစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းခြောက်သောင်းသုံးထောင့်ငါးရာပေါက်ဈေးရှိပြီး (၁၅)ပဲရည်တစ်ကျပ်သားကို (၁၀)သိန်းနှစ်ထောင်ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။

 

 

Related News