ရန်ကုန်မြို့မှာ အပူချိန်မြင့်တက်လာတာကြောင့် Aircon နဲ့ Air Cooler တွေဟာအရင်နှစ်ထက် ရောင်းအားကောင်းနေတယ်လို့ အီလက်ထရော နစ်အရောင်းဆိုင်တွေမှသိရပါတယ်။သင်္ကြန်ပြီးကာလမှာ အပူချိန်ဟာ ပိုမိုမြင့်တက်လာတာကြောင့် Aircon နဲ့ Air Cooler တွေဟာ အရင်နှစ်တွေထက် ရောင်းအားမြင့်လာတယ်လို့ သိရပါတယ်။ သုံးစွဲတဲ့ ပြည်သူတွေအနေနဲ့ အဲကွန်းတွေအပြင် ပန်ကာအစား ရေ၊ရေခဲတို့နဲ့တွဲသုံးနိုင်တဲ့ Air Cooler တွေကိုပါ အသုံးပြုလာကြ တယ်လို့သိရပါတယ်။ Air Cooler  အသုံးပြုသူတွေကတော့ မီးအားမနိုင်ခြင်း၊ အဲကွန်းတပ်ဆင်ဖို့နေရာအခက်အခဲ ရှိနေခြင်းတွေကြောင့်  Air Cooler  ကို အသုံးပြုတာဖြစ်တယ်လို့သိရပါတယ်။

အခုလို Aircon နဲ့ Air Cooler  တွေရောင်းအားမြှင့်လာသလို ရောင်းချတဲ့ ဈေးနှုန်းတွေကလည်း အနည်း ငယ်မြင့်တက်မှုရှိ လာတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အများစုကတော့ အဲကွန်းကို ပိုမိုအသုံးပြုကြတယ်လို့သိရပါတယ်။လက်ရှိ  ဈေးကွက်ထဲမှာတော့ အဲကွန်းဈေးနှုန်းတွေအနေနဲ့ အနည်းဆုံးငွေကျပ် (နှစ်သိန်းရှစ်သောင်း)ကျပ်မှ အများဆုံး (လေးသိန်း)ကျော် အထိရှိပြီး အဲကိုလာဈေးနှုန်းတွေကတော့ အနည်းဆုံးငွေကျပ်(လေးသောင်း)ကျော်မှ အများဆုံး(နှစ်သိန်း)၀န်းကျင်ရှိတယ်လို့ သိရပါတယ်။   

 

 

Related News