ပြည်တွင်းမှာ စိုက်ပျိုးတဲ့ ပန်းတွေထက် ပြည်ပက၀င်လာတဲ့ ပန်းတွေက ပိုပြီး အ၀ယ်လိုက်နေတယ်လို့  ပန်းရောင်းချသူတွေ ထံကသိရပါတယ်။အရင်နှစ်တွေက ရောင်းအားကောင်းခဲ့တဲ့ နှင်းဆီပန်း၊ ဂန္ဓမာပန်းတွေက ဒီနှစ်မှာတော့ ရောင်းအားက ကျလာတယ်လို့သိရပါတယ်။ဒီလို ရောင်းအားကျလာတာက ပြည်ပက ၀င်လာတဲ့ ပန်းတွေဖြစ်တဲ့ လီလီပန်း ၊ ပန်းခြောက် ၊ ကာနေးရှင်း ၊ ကျူလှစ်ပန်း ၊ ဒေစီပန်း တွေဟာ ဈေးနှုန်းကွာခြားသလို တာရှည်ခံတာကြောင့် အ၀ယ်များလာတယ်လို့သိရပါတယ်။

လက်ရှိအခြေအနေမှာ ရာသီဥတုနဲ့စိုက်ပျိုးထုတ်လုပ်မှုအပေါ်မှုတည်ပြီး ပြည်တွင်းပန်းထွက်ရှိမှုနည်းတဲ့အတွက် တရုတ်ပြည်က သွင်းကုန်တွေ အများဆုံးဝင်ရောက်နေတယ်လို့ သိရပါတယ်။ယခင်က မြန်မာနိုင်ငံကို တရုတ်ပန်းတွေစတင်ဝင်ရောက်လာချိန်မှာ တရုတ်ပန်းဈေးကမြင့်မားတဲ့အတွက် သီးခြားဈေးကွက်အနေနဲ့ရပ်တည်ခဲ့ပေမယ့် အခုနောက်ပိုင်း တရုတ်ပန်း တွေဟာ မြန်မာပန်းတွေနဲ့ ဈေးနှုန်းကွာခြားမှုအနည်းငယ်သာရှိတော့တယ်လို့သိရပါတယ်။လက်ရှိမှာပန်းဈေးကွက်မှာရောင်းချနေတဲ့ ပန်းတွေထဲမှာ နှင်းဆီပန်းဆိုရင် အရင်က ငွေကျပ်(၁၀၀၀) ကနေ(၁၅၀၀)အထိရောင်းချခဲ့ပြီး လက်ရှိမှာတော့ ငွေကျပ်(၅၀၀) (၆၀၀)ကျပ်နဲ့သာရောင်းချနေရတာဖြစ်တာကြောင့် ပြည်တွင်းပန်းဈေးကွက်က ရောင်းအားကျလာတာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News